အကောင့်ဆက်တင်များဆိုတာ ဘာလဲ။
အကောင့်ဆက်တင်များသည် အကောင့်ပိုင်ရှင်များ အသုံးပြုနိုင်သော၊ အကောင့်စီမံခန့်ခွဲရေး ကိရိယာအတွဲများဖြစ်သည်။ အသင်းပိုင်ရှင်များကမူ အတိုင်းအတာလျော့နည်းပြီး အသုံးပြုနိုင်သည်။
အကောင့်ဆက်တင်များကို မည်သည့်အချိန်တွင် အသုံးပြုရမည်နည်း။
ဒက်ရှ်ဘုတ်များ ဖန်တီးခြင်းနှင့် အစီအစဥ်တကျစုစည်းခြင်းကို စီမံခန့်ခွဲရန်။
အသင်းများ ဖန်တီးခြင်းနှင့် အစီအစဥ်တကျ စုစည်းခြင်း စီမံခန့်ခွဲရန်။
စီးပွားရေးလုပ်ငန်း စာရင်းသွင်းစာမျက်နှာကို စီမံခန့်ခွဲရန်။
အကောင့်ဆက်တင်တွေကို ဘယ်လို အသုံးပြုရမလဲ။
အကောင့်ဆက်တင်များကို ဝင်ရောက်အသုံးပြုခြင်း
CrowdTangle အကောင့်ဆက်တင်များကို အကောင့်ပိုင်ရှင်များ အားလုံး အသုံးပြုနိုင်ပြီး အသင်းပိုင်ရှင်များကမူ အတိုင်းအတာလျော့နည်းပြီး အသုံးပြုနိုင်သည်။ အကောင့်ဆက်တင်များကို မည်သည့် CrowdTangle ဒက်ရှ်ဘုတ်၏ညာဘက်ထိပ်ရှိ ဂီယာအိုင်ကွန်အောင်တွင် တွေ့မြင်နိုင်သည်။
အသင်းများ-
အသင်းများနှင့် ပတ်သက်ပြီး ဤနေရာတွင် ထပ်မံလေ့လာပါ။
ဒက်ရှ်ဘုတ်များ-
ဤဆက်ရှင်တွင် သင့်အကောင့်အောက်၌ဖန်တီးခဲ့သော ဒက်ရှ်ဘုတ်များအားလုံးကို ကြည့် (ဝင်ရောက်အသုံးပြု) နိုင်သည်။ ဤနေရာတွင် ဒက်ရှ်ဘုတ်အသစ်တစ်ခုလည်း သင်ဖန်တီးနိုင်သည်။
မှတ်ချက် - ဒက်ရှ်ဘုတ်တစ်ခုကိုဖျက်ရန် ဆက်သွယ်ပါ support@crowdtangle.com
အသုံးပြုသူများ
အကောင့်ပိုင်ရှင်များ-
အကောင့်တစ်ခုစီတွင် အကောင့်ပိုင်ရှင်များ များစွာရှိနိုင်သည်။ ထိုသူအားလုံးကို အသုံးပြုသူဆက်ရှင်ထိပ်ပိုင်းတွင် စာရင်းပြုစုထားမည်။ ထို့အပြင် အကောင့်၏ဒက်ရှ်ဘုတ်များအနက်မှ တစ်ခုကို ပူးပေါင်းရန် တောင်းဆိုချက်ပြုလုပ်လာလျှင် မည်သူ့ထံ အီးမေးလ်ပို့မည်ကို သတ်မှတ်နိုင်သည်
“ပိုင်ရှင် ဖိတ်ခေါ်ရန်” ခလုတ်ကိုနှိပ်ခြင်းဖြင့် CrowdTangle အသုံးပြုသူအသစ်တစ်ဦးကို သင့်အကောင့်သို့ ဖိတ်ခေါ်လိုက်စေပြီး CrowdTangle က ပို့သော အသုံးပြုသူ အသစ်အီးမေးလ်တွင်ပါသည့် စာရင်းတင်သွင်းမှုကို အတည်ပြုပြီးသည်နှင့် ထိုသူ့ကို အကောင့်ပိုင်ရှင် အဖြစ်ထားရှိပေးမည်ဖြစ်သည်။
အခြားအသုံးပြုသူများ-
ရှိနှင့်ပြီး အသုံးပြုသူများကို စီမံခန့်ခွဲခြင်း သို့မဟုတ် အသုံးပြုသူအသစ်များ ဖန်တီးခြင်း ပြုလုပ်နိုင်သည်။ CrowdTangle မှ အလိုအလျောက်ထုတ်ပြန်ပေးသော အီးမေးလ်တွင် ၎င်းတို့၏ အမည်စာရင်းသွင်းမှုကို အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ဤနေရာတွင်ဖန်တီးခဲ့သော မည်သည့် အသုံးပြုသူ မဆို အကောင့်နှင့်ဆက်နွယ်နေသော ဒက်ရှ်ဘုတ်တိုင်းကို ဝင်ရောက်အသုံးပြုနိုင်ခွင့် အလိုအလျောက် ပေးအပ်ခံရမည်။
ရှိနှင့်ပြီး အသုံးပြုသူများ ကို ဤနေရာတွင်အကောင့်ပိုင်ရှင်များအဖြစ်သို့ တိုးမြှင့်ပေးနိုင်သလို အကောင့်မှလည်း ဖယ်ရှားနိုင်သည်
လုပ်ဆောင်ဆဲ ဝင်ရောက်အသုံးပြုခွင့် တောင်းဆိုချက်များ-
သင့်အကောင့်ထဲမှ အသုံးပြုသူများ အနေဖြင့် CrowdTangle သို့ လော့ဂ်အင်ဝင်ရောက်ပြီးပါက အကောင့်နှင့်ဆက်နွယ်နေသော ဒက်ရှ်ဘုတ်များကို ဝင်ရောက်အသုံးပြုခွင့် တောင်းခံနိုင်သည်။ ထိုတောင်းဆိုချက်များကို အကောင့်ဆက်တင်များရှိ ဤဆက်ရှင်တွင် စီမံနိုင်သည်။
အသုံးပြုသည်များ ဒက်ရှ်ဘုတ်များဝင်ရောက်အသုံးပြုခွင့် မည်သို့တောင်းခံရမည်နည်း ပတ်သက်ပြီး အချက်အလက်များထပ်မံသိနိုင်ရန် ကျွန်ုပ်တို့၏ အသုံးပြုသူ စီမံခန့်ခွဲမှု ဆောင်းပါး ကို ကြည့်ပါ။
ဒိုမိန်းများ
အကောင့်တစ်ခုချင်းစီသည် အသုံးပြုသူများ ကို CrowdTangle အတွက် ကိုယ်တိုင်အမည်စာရင်းတင်သွင်းခြင်း ပြုလုပ်စေနိုင်သည့် စီးပွားရေးလုပ်ငန်း အမည်စာရင်းဖွင့်စာမျက်နှာ ပါလေ့ရှိသည်။ အကောင့်ဆက်တင်၏ ဒိုမိန်းများကဏ္ဍသည် သင်၏ အမည်စာရင်းဖွင့်စာမျက်နှာကို မည်သူအသုံးပြုနိုင်ကြောင်း ထိန်းချုပ်ရန် အချို့သော အီးမေးလ်ဒိုမိန်းများကို ခွင့်ပြုစာရင်းသွင်းနိုင်အောင် ပြုလုပ်ပေးသည်။ အကောင့်ဆက်တင်များ၏ ဤနေရာရှိဒိုမိန်းများသည် အကောင့်အဆင့် ဒိုမိန်းများ (အောက်တွင်ကြည့်ပါ) ဖြစ်သည်။ အသင်းအဆင့်ဒိုမိန်းများကိုလည်း သင်ထည့်သွင်းနိုင်သည်။
သင့်အကောင့်၏ စီးပွားရေးလုပ်ငန်း အမည်စာရင်းဖွင့်စာမျက်နှာကိုအသုံးပြုသူ အသစ်တစ်ဦး သုံးပြီး CrowdTangle အတွက် အမည်စာရင်းဖွင့်ရန် ကြိုးစားလျှင် အောက်ပါသုံးခုတို့အနက်မှ တစ်ခုဖြစ်လိမ့်မည်။
အသုံးပြုသူ၏ အီးမေးလ်ဒိုမိန်းသည် အကောင့်အဆင့်ဒိုမိန်းနှင့် ကိုက်ညီမှုရှိပါက- ထို အသုံးပြုသူ သည် အမည်စာရင်းတင်သွင်းမှုကို အတည်ပြုသည့် လင့်ခ်ပါသောအီးမေးလ်တစ်စောင် လက်ခံရရှိမည်။ အမည်စာရင်းတင်သွင်းမှု လုပ်ဆောင်ပြီးသွားလျှင် ထိုသူသည် အကောင့်နှင့် ဆက်နွယ်နေသော ဒက်ရှ်ဘုတ်အားလုံးကို ဝင်ရောက်အသုံးပြုခွင့်ရှိမည်။
အသုံးပြုသူ၏ အီးမေးလ်ဒိုမိန်းသည် အသင်းအဆင့်ဒိုမိန်းနှင့် ကိုက်ညီမှုရှိပါက- ထို အသုံးပြုသူ သည် အမည်စာရင်းတင်သွင်းမှုကို အတည်ပြုသည့် လင့်ခ်ပါသောအီးမေးလ်တစ်စောင် လက်ခံရရှိမည်။ အမည်စာရင်းတင်သွင်းမှု လုပ်ဆောင်ပြီးလျှင် ထိုသူ့ကို အီးမေးလ်ဒိုမိန်းနှင့် ဆက်နွယ်မှုရှိသော အသင်း တွင် ထည့်သွင်းလိုက်မည်ဖြစ်ပြီး အသင်း နှင့် ဆက်နွယ်မှုရှိသော ဒက်ရှ်ဘုတ်များကို ဝင်ရောက်အသုံးပြုခွင့် ရှိမည်။
အသုံးပြုသူ၏ အီးမေးလ်ဒိုမိန်းသည် အကောင့်ဒိုမိန်းများ တစ်ခုနှင့်မျှ ကိုက်ညီမှုမရှိလျှင်- အသုံးပြုသူသည် စာမျက်နှာပေါ်တွင် အမှား ဖြစ်နေကြောင်း လက်ခံရရှိမည်။