All Collections
Burmese
သိမ်းဆည်းထားသော ရှာဖွေမှု
သိမ်းဆည်းထားသော ရှာဖွေမှု
T
Written by Tess
Updated over a week ago

သိမ်းဆည်းထားသောရှာဖွေမှုဆိုသည်မှာ အဘယ်နည်း။

သိမ်းဆည်းထားသောရှာဖွေမှုများသည် CrowdTangle ဒေတာဘေ့စ်တစ်ခုလုံးတွင်အချို့သော စကားလုံးများ၊ အမည်များ၊ URL များ သို့မဟုတ် စကားစုများ သို့မဟုတ် ဟက်ရှ်တဂ်များပါသည့် အကြောင်းအရာအားလုံး သို့မဟုတ် အချို့ကို ရှာစေနိုင်သည်။  စာရင်းများနှင့်မတူဘဲ သိမ်းဆည်းထားသော ရှာဖွေမှု တစ်ခုသည် သတ်မှတ်ထားသော စာမျက်နှာများ အကောင့်များတွင်သာ ထိန်းချုပ်ထားခြင်းမဟုတ်ဘဲ အရင်းအမြစ်အသစ်များ၊ သို့မဟုတ် ညွှန်းပို့မှု လမ်းကြောင်းများကိုပါ ရှာတွေ့ရန် သုံးနိုင်သည်။
​ 

သိမ်းဆည်းထားသော ရှာဖွေမှုကို အဘယ်ကြောင့် သုံးရမည်နည်း။

  • တိကျသည့် ရွေးကောက်ပွဲ သို့မဟုတ် ပွဲစဉ်တစ်ခုကို သတင်းရယူချက်များကို ခြေရာခံရန်

  • သင်၏ စွမ်းရည်ရှင် သို့မဟုတ် အားကားသမားများအတွက် သတင်းရယူချက်များကို ခြေရာခံရန်

  • ညွှန်းပို့မှုလမ်းကြောင်း နှင့် အလားအလာရှိသော အမှတ်တံဆိပ်ဆိုင်ရာ အကြောင်းအရာမိတ်ဖက်များကို ဖော်ထုတ်ရန်

  • အချို့သော ဟက်ရှ်တဂ်များ၏ အသုံးကို ခြေရာခံရန်

 

မကြာသေးသော အပ်ဒိတ်များ

ဇွန်လ ၂၈ ရက်၊ ၂၀၁၈-  “အခြား” အောက်တွဲအကွက်ရှိ အရေးပေါ်သတင်း စစ်ထုတ်မှုကို သုံးပြီး Facebook ဒက်ရှ်ဘုတ်များတွင် အရေးပေါ်သတင်းများကို ယခုရှာနိုင်ပြီဖြစ်သည်။
​ 

သိမ်းဆည်းထားသောရှာဖွေမှုကို မည်ကဲ့သို့ အသုံးပြုရမည်နည်း။

 


သိမ်းဆည်းထားသောရှာဖွေမှုတစ်ခုကို ဖန်တီးခြင်း

သိမ်းဆည်းထားသော ရှာဖွေမှုတစ်ခုကို ဖန်တီးရန် သင်၏ ဘယ်ဘက်လမ်းကြောင်းပြဘား၏ "သိမ်းဆည်းထားသော ရှာဖွေမှု" ဆက်ရှင်အောက်ရှိ "ရှာဖွေမှု အသစ်" ကို ကလစ်နှိပ်ပါ။
​ 

ရိုးရှင်းသော ရှာဖွေမှုများအတွက် ၎င်းတို့ကို ရှာဖွေမှုဘားထဲသို့ တိုက်ရိုက် ရိုက်ထည့်နိုင်သည်။  စာစုများဘေးတွင် ကောက်နှုတ်မှု သင်္ကေတများထည့်ရန် မလိုပါ၊ သို့သော် အသုံးအနှုန်းအများအပြားကို သင်ရှာဖွေလိုလျှင် ကော်မာများကို သို့မဟုတ် အဖြစ် အသုံးပြုနိုင်သည်။
​ 

အထက်ပါ ဥပမာဆိုလျှင် "Facebook တိုက်ရိုက်လွှင့်မှု" သို့မဟုတ် Instagram ဆိုသည့် စကားလုံးပါသော ပို့စ်မှန်သမျှကို ရှာဖွေလိမ်မည်။  CrowdTangle က အကြောင်းအရာအတွက် ၎င်း၏ ဒေတာဘေ့စ်တစ်ခုလုံးကို ရှာလိမ့်မည်။  ဥပမာ Facebook ဒက်ရှ်ဘုတ်တစ်ခုတွင် သင်၏စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော ပို့စ်များကိုရှာတွေ့ရန် CrowdTangle က လက်ရှိခြေရာခံနေသော စာမျက်နှာ သို့မဟုတ် ကိုယ်ရေးမှတ်တမ်းတိုင်းမှ အကြောင်းအရာကို ရှာမည်ဖြစ်သည်။  CrowdTangle ဒေတာဘေ့စ်တွင် မရှိသော စာမျက်နှာများ သို့မဟုတ် အကောင့်များမှ အကြောင်းအရာသည် သင့်ရှာဖွေမှုတွင် ပေါ်လာမည်မဟုတ်ပါ။
 

“နောက်ထပ်ရှာဖွေမှု ရွေးချယ်စရာများ" ကို ကလစ်နှိပ်ခြင်းက ပို၍ရှုပ်ထွေးသော မေးမြန်းမှုများအတွက် နောက်ထပ်နယ်ပယ်များကို ယူဆောင်ပေးလိမ့်မည်။
​ 

ဤစကားလုံးများအားလုံး-  ဤနေရာရှိ အသုံးအနှုန်းများသည် ရှာဖွေမှုတွင်ရှာတွေ့ရန် ပို့စ်တ်စခုတွင် ရှိနေဖို့လိုအပ်သည်။  ဥပမာ "ဗီဒီယို" ဆိုသည့်စကားလုံးကို ထည့်သွင်းခြင်းက "Facebook တိုက်ရိုက်လွှင့်မှု" နှင့် ဗီဒီယို နှစ်ခုလုံး သို့မဟုတ် Instagram နှင့် ဗီဒီယို နှစ်ခုလုံးပါသော ပို့စ်များကို ယူဆောင်ပေးမည်ဖြစ်သည်။
​ 

ဤစကားလုံးများတစ်ခုမှမပါ-  ရှာဖွေမှုရလဒ်များမှ ဤဆက်ရှင်ရှိ စကားလုံးများ သို့မဟုတ် စကားစုများပါသည့် ပို့စ်များကို ချန်လှပ်ထားမည်ဖြစ်သည်။  ဥပမာ ဤနေရာတွင် "ဗီဒီယို" ဆိုသည့်စကားလုံးကို ထည့်သွင်းခြင်းက ""Facebook တိုက်ရိုက်လွှင့်မှု" သို့မဟုတ် Instagram တစ်ခုခုပါပြီး "ဗီဒီယို" ဆိုသည့် စကားလုံးမပါသော ပို့စ်များကိုသာ ယူဆောင်ပေးမည်။
​ 

ဤစကားလုံး သို့မဟုတ် စကားစုပါသည့် နာမည်ရှိသော စာမျက်နှာ(များ)ကိုဖယ်ရှားရန်-  ဤသည် “ဤစကားလုံးများတစ်ခုမှမပါ” နယ်ပယ်နှင့် ဆင်တူသော်လည်း CrowdTangle က ဤစကားလုံးများ သို့မဟုတ်စကားစုများအနက် တစ်ခုပါသော နာမည်ရှိသည့် စာမျက်နှာများ/အကောင့်များမှ အကြောင်းအရာကိုသာ ချန်လှပ်ထားမည်။  ဤနည်းကို သင့်ကိုယ်ပိုင် အကြောင်းအရာအား ရလဒ်များမှ ချန်လှပ်ထားရန် မကြာခဏအသုံးပြုသည်။
​ 

သင့်ရှာဖွေမှုကို တိကျသော စာရင်းများရှိ စာမျက်နှာများ သို့မဟုတ် အကောင့်များတွင်သာ ကန့်သတ်ထားလိုလျှင် (သို့မဟုတ်စာရင်း တစ်ခုရှိ သတ်မှတ် စာမျက်နှာများ သို့မဟုတ် အကောင့်များမှ အကြောင်းအရာကို ချန်လှပ်လိုလျှင်) ဤနေရာတွင် ပြုလုပ်နိုင်သည်။  ဤနည်းကို အဖွဲ့အစည်းတစ်ခု၏ ကိုယ်ပိုင်စာမျက်နှာများ/အကောင့်များမှ အကြောင်းအရာကို ရှာဖွေရန် သို့မဟုတ် ချန်လှပ်ရန် မကြာခဏ သုံးကြသည်။  ညွှန်းပို့မှု လမ်းကြောင်းကို ရှာဖွေရာတွင် ဤနည်းက အထူးသဖြင့် အသုံးဝင်သည် (အောက်တွင်ကြည့်ပါ)။
​ 

သင့်ရှာဖွေမှုကို သတ်မှတ်ပြီးလျှင် အပြာရောင် ရှာဖွေမှုခလုတ်ကို ကလစ်နှိပ်ခြင်းဖြင့် တစ်ကြိမ်တည်း ရှာဖွေမှုကို လုပ်ဆောင်နိုင်သလို အနက်ရောင် ရှာဖွေမှုသိမ်းဆည်းရန် ခလုတ်ကို ကလစ်နှိပ်ခြင်းဖြင့် ရှာဖွေမှုကို သိမ်းဆည်းနိုင်သည်။  သိမ်းဆည်းထားသောရှာဖွေမှုများသို့ နောင်တစ်ချိန်တွင် ပြန်လာနိုင်ပြီး တိုက်ရိုက်ပြသမှုများ သို့လည်း ဆွဲယူနိုင်သည်။
​  

သင့်ရှာဖွေမှုကို သိမ်းပြီးလျှင် နောက်ထပ် ပိုမိုရှုပ်ထွေးသော ရှာဖွေမှုများအတွက် မေးမြန်းမှုများထပ်မံထည့်သွင်းရန် ရှာဖွေမှုကို တည်းဖြတ်နိုင်သည်။
​ 

ပို့စ်များ အကွက်

သင့်ရှာဖွေမှု၏ ရလဒ်များသည် ပို့စ်အကွက်အောက်တွက် ပေါ်လာလိမ့်မည်။  ပိုမိုလေ့လာရန် ဤနေရာ ကိုကလစ်နှိပ်ပါ။

 

Leaderboard အကွက်

 Leaderboard အကွက်သည် ရှာဖွေမှုတွင် ပေါ်ခဲ့သည့် အကြောင်းအရာ၏ စာမျက်နှာများ/အကောင့်များ၏ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ရန် လုပ်ဆောင်ပေးသည်။  ရှာဖွေမှု Leaderboard သည် ရှာဖွေမှုမေးမြန်းချက်နှင့်ကိုက်ညီသည့် တိကျသော အကြောင်းအရာ အပိုင်းအစများကို၏ စွမ်းဆောင်ရည်ကိုသာ အခြေခံမည်ဖြစ်သည်။  ပိုမိုလေ့လာရန် ဤနေရာ ကိုကလစ်နှိပ်ပါ။
​ 

 အသိပေးချက်များ အကွက်

အသိပေးချက်များအကွက်က ရှာဖွေမှုအပေါ်အခြေခံပြီး မတူညီသော အီးမေးလ်အမျိုးအစားများနှင့် Slack အသိပေးချက် အမျိုးမျိုးကို ဖန်တီးခွင့်ပေးသည်။  ပိုမိုလေ့လာရန် ဤနေရာ ကိုကလစ်နှိပ်ပါ။
​ 

အသုံးများသော ရှာဖွေမှု အမျိုးအစားများ

စွမ်းရည်ရှင်/အားကစားသမား-  ဖျော်ဖြေမှုနှင့် အားကစား ထုတ်ပြန်သူများသည် ၎င်းတို့၏ စွမ်းရည်ရှင် သို့မဟုတ် အားကစားသမားများ၏ သတင်းရယူချက်များကို ခြေရာခံရန် ထိုသူတို့၏ အမည်များအတွက်ရှာဖွေမှုများကို သတ်မှတ်ထည့်သွင်းကြခြင်းဖြင့် ရှာဖွေမှုများကို မကြာခဏ အသုံးပြုကြသည်။  
​ 

ဒေသတွင်း ဇာတ်လမ်းများ-  အရေးကြီးသော ဒေသတွင်း နာမည်ကြီးသူများ၏ အမည် သို့မဟုတ် ဒေသတွင်း မြို့များ သို့မဟုတ် နိုင်ငံများ၏ အမည်ပါသော သိမ်းဆည်းထားသောရှာဖွေမှုများ ချမှတ်ခြင်းက ဇာတ်လမ်းအသစ်များ၏ ရှေ့တွင်နေနိုင်ရန် ကူညီပေးသည်။    

ညွှန်းပို့မှု လမ်းကြောင်း-  Facebook၊ Instagram၊ သို့မဟုတ် Twitter တွင် ပို့စ်များကို မျှဝေသည့်အခါ ပို့စ်တွင် ထုတ်ပြန်မှု၏ ဘေ့စ် URL ပါဝင်ပြီးဖြစ်သည်။  သင့်ထုတ်ပြန်မှု၏ ဘေ့စ် URL ကို ရှာဖွေခြင်းက သင့်အကြောင်းအရာကို မည်သူမျှဝေထားကြောင်း ပြသနိုင်သည်။  ရှာဖွေမှု လုပ်ဆောင်ချက်တွင် သင့်ကိုယ်ပိုင် စာရင်း တစ်ခုကို ချန်လှပ်ကြောင်း သေချာပါစေ။

ရွေးကောက်ပွဲများကို ခြေရာခံခြင်း-  ကိုယ်စားလှယ်လောင်းများအတွက် ရှာဖွေမှုများကို သတ်မှတ်ထည့်သွင်းခြင်းဖြင့် ရွေးကောက်ပွဲ သတင်းရယူချက်များကို ခြေရာခံနိုင်သည်။  သင်နှင့် သင့်ပြိုင်ဘက်များ၏ သတင်းရယူချက်များကို နှိုင်းယှဉ်ရန် သို့မဟုတ် အရေးပေါ်သတင်း ဇာတ်လမ်းများရှေ့တွင် နေနိုင်ရန် ဤနည်းကိုသုံးပါ။  ပို့စ်ရေစီးကြောင်း ကော်လံတစ်ခုဖန်တီးပြီး ဤရှာဖွေမှုများကို ရွေးကောက်ပွဲ  တိုက်ရိုက်ပြသမှု သို့လည်းဆွဲယူနိုင်သည်။
​ 

အခြား ပွဲစဉ်များကို ခြေရာခံခြင်း-  အချို့ပွဲစဉ်များကို ၎င်းတို့၏အမည်များအတွက် ရှာဖွေမှုများ ထည့်သွင်းသတ်မှတ်ပြီး သတင်းရယူချက်များ ခြေရာခံနိုင်သည်။  သင့်အနေဖြင့် သင့်စတိုရီများကို ယှဉ်ပြိုင်ဘက်များနှင့် နှိုင်းယှဉ်ရန် Leaderboard အကွက်ကို သုံးလိုလျှင် ရှာဖွေမှုကို သင့်ယှဉ်ပြိုင်ဘက်များနှင့် သင့်ကိုယ်ပိုင် စာမျက်နှာများ/အကောင့်များပါဝင်သော စာရင်းတွင် ထိန်းချုပ်ထားရန် စဉ်းစားပါ။
​ 

ဟက်ရှ်တတ်ဂ်များ-  အချို့သော ဟက်ရှ်တဂ်များပါသည့် ပို့စ်များအတွက် CrowdTangle ဒေတာဘေ့စ်ကို ရှာဖွေနိုင်သည်။  မှတ်ချက်- ဤသို့ပြုလုပ်လျှင် CrowdTangle ဒေတာဘေ့စ်ရှိ စာမျက်နှာများ သို့မဟုတ် အကောင့်များမှ အကြောင်းအရာများသာ ပေါ်လာမည်ဖြစ်သည်။ CrowdTangle အနေဖြင့် သတ်မှတ် ဟက်ရှ်တဂ်တစ်ခုသည် ပုဂ္ဂလိကအကောင့်များအကြားတွင် ရေပန်းစားမစား ပြောနိုင်မည် မဟုတ်ပါ။
​ 

အမေးများသော မေးခွန်းများ-

Q: ကျွန်တော့်ရှာဖွေမှုမှာ ပို့စ်တွေ ဘာလို့ပျောက်နေရတာလဲ။
A:
မှတ်ချက်- CrowdTangle ၏သိမ်းဆည်းထားသော ရှာဖွေမှုများသည် CrowdTangle ဒေတာဘေ့စ်ရှိ စာမျက်နှာများ သို့မဟုတ် အကောင့်များမှ အကြောင်းအရာများကိုသာ ရှာသည်။  ပျောက်နေသော Tweet များ သို့မဟုတ် ပို့စ်များရှိလျှင် ထိုစာမျက်နှာများ/အကောင့်များကို သင့်စာရင်းများ အနက်မှတစ်ခုသို့ ထည့်သွင်းကြည့်ပါ။  မိနစ် ၃၀ ခန့်စောင့်ပြီး နောက်တစ်ကြိမ် ထပ်စမ်းကြည့်ပါ။  ထိုအချိန်တွင် ၎င်းတို့၏ အကြောင်းအရာသည် သင်၏ရှာဖွေမှုတွင် ပေါ်လာမည်။


Q: အကြောင်းအရာကို တည်နေရာနဲ့ စစ်ထုတ်လို့ရပါသလား။
A:
လက်ရှိတွင် CrowdTangle မှ အကြောင်းအရာအတွက် မြေနေရာတွဲချိတ်မှုကို အခြေမခံသေးပါ၊ သို့သော် ဒေသတွင်း အဖွဲ့အစည်းများ၊ အထင်ကရများ၊ ကျောင်းများ စသည်တို့မှ စာမျက်နှာများ/အကောင့်များ၏ ဒေသတွင်း စာရင်း ကို သင်ဖန်တီးနိုင်ပါသည်။ ထုိ့နောက် ထို စာရင်းသို့ ရှာဖွေမှုများကို ထိန်းချုပ်ထည့်သွင်းနိုင်သည်။


မေးခွန်းတွေရှိလား။ တုံ့ပြန်အကြံပြုချက်ရှိလား။ support@crowdtangle.com ကို အီးမေးလ်ပို့ပါ။

Did this answer your question?