All Collections
Burmese
အကောင့်စီမံခန့်ခွဲရေး- အသုံးပြုသူများနှင့်ခွင့်ပြုချက်များကို စီမံခန့်ခွဲခြင်း
အကောင့်စီမံခန့်ခွဲရေး- အသုံးပြုသူများနှင့်ခွင့်ပြုချက်များကို စီမံခန့်ခွဲခြင်း
T
Written by Tess
Updated over a week ago

အသုံးပြုသူ အမျိုးအစားများ-

CrowdTangle တွင် အသုံးပြုသူ အမျိုးအစား လေးမျိုးရှိသည်။ အကောင့်ပိုင်ရှင်များ၊ အသင်းပိုင်ရှင်များ၊ ဒက်ရှ်ဘုတ် အသုံးပြုသူများ နှင့် ဖတ်ရုံဖတ်သည့် အသုံးပြုသူများ  အောက်ပါဖွဲ့စည်းပုံဇယားသည် တစ်ယောက်ချင်းစီမှ မည်သို့ပြုလုပ်နိုင်သည်ကို ဖော်ပြထားသည်။

ဖွဲ့စည်းပုံဇယားတွင် ညာဘက်ပိုရောက်လျှင် ခွင့်ပြုချက်များ ပိုများသွားသည်ကို သတိမူပါ။  ဒက်ရှ်ဘုတ်အသုံးပြုသူများသည် ဖတ်ရုံဖတ်သည့် အသုံးပြုသူများ လုပ်နိုင်သည့်အရာအားလုံး လုပ်နိုင်ပြီး အသင်းပိုင်ရှင်များသည် ဤအသုံးပြုသူအမျိုးအစားနှစ်ဦးလုံး လုပ်နိုင်သည့်အရာအားလုံးကို လုပ်နိုင်သကဲ့သို့ ဖြစ်သည်။
​ 

CrowdTangle တွင် သင့်အကောင့်၏ အကောင့်ပိုင်ရှင် အရေအတွက်မည်မျှထားရှိနိုင်သည်ဟူသည့် အကန့်အသတ်မရှိပါ ( အသင်းတစ်ဖွဲ့တွင် အသင်းပိုင်ရှင်မည်မျှရှိနိုင်သည်ကိုလည်း မကန့်သတ်ပါ)။  သင့်အကောင့်တွင် လက်ရှိအကောင့်ပိုင်ရှင်မရှိလျှင် သင့် CrowdTangle အကောင့်အသင်း အဆက်အသွယ် သို့မဟုတ် support@crowdtangle.com ကို အီးမေးလ်ပို့ပါ။

  

CrowdTangle အား ဝင်ရောက်အသုံးပြုခွင့်ပေးခြင်း-

သင့်အဖွဲ့အစည်းတွင် CrowdTangle အကောင့်တစ်ခုရှိလျှင် သင့်အနေဖြင့် လိုအပ်သလောက် လုပ်ဖော်ကိုင်ဖက်များအတွက် အကောင့်များ ဖန်တီးပေးနိုင်စွမ်းရှိမည်။  CrowdTangle က ထိုကဲ့သို့ပြုလုပ်နိုင်ရန် နည်းလမ်းများစွာ ဖြည့်ဆည်းပေးထားသည်။

  • ဒက်ရှ်ဘုတ် ဖိတ်ခေါ်မှုများ

  • ဒက်ရှ်ဘုတ် စကားဝှက်များ

  • အကောင့်အဆင့် ဖိတ်ခေါ်မှုများ

  • စီးပွားရေးလုပ်ငန်း အမည်စာရင်းဖွင့်စာမျက်နှာများ (ဒိုမိန်းများ)

မှတ်စု- သင့်အဖွဲ့အစည်းပြင်ပမှ လူများကို CrowdTangle အားဝင်ရောက်အသုံးပြုနိုင်ခွင့် ပေးခြင်းသည် သင်၏ဝန်ဆောင်မှုစည်းမျဉ်းများနှင့် ဆန့်ကျင်ရာရောက်သည်။
   

ဒက်ရှ်ဘုတ် ဖိတ်ခေါ်မှုများ-

 အကောင့်ပိုင်ရှ်များ၊ အသင်းပိုင်ရှင်များနှင့် ဒက်ရှ်ဘုတ် အသုံးပြုသူများအားလုံးသည် ဒက်ရှ်ဘုတ်တစ်ခုသို့ လူအများကို ဖိတ်ခေါ်နိုင်သည်။  အသုံးပြုသူတွင် CrowdTangle အကောင့်တစ်ခုရှိပြီးသားဖြစ်လျှင် ဒက်ရှ်ဘုတ်ကို၎င်း၏ မာစတာဒက်ရှ်ဘုတ်များ စာရင်းသို့ထည့်သွင်းလိုက်မည်။  အသုံးပြုသူတွင် CrowdTangle အကောင့်မရှိသေးလျှင် ဤလုပ်ငန်းစဥ်ဖြင့် အကောင့်တစ်ခုဖန်တီးပေးနိုင်သည်။
​ 

ဒက်ရှ်ဘုတ်ဖိတ်ခေါ်မှုများကို ဂီယာအိုင်ကွန် (ညာဘက်အပေါ်ရှိ) ကို ကလစ်နှိပ်ခြင်းဖြင့် ဒက်ရှ်ဘုတ်အတွင်းမှ ပို့နိုင်သလို “လူအများကိုဖိတ်ခေါ်ရန်” ကိုရွေးချယ်နှိပ်ခြင်းဖြင့်လည်း ပို့နိုင်သည်။
​  

 
သို့မဟုတ်ပါက “အသုံးပြုသူ စီမံခန့်ခွဲရေး” ကို ရွေးချယ်ပြီး “လူအများကို ဖိတ်ခေါ်ရန်” ကို နှိပ်ခြင်းဖြင့်လည်း ပို့နိုင်သည်။
​  

 
လူအများကိုဖိတ်ခေါ်ရန် နေရာတွင် ရွေးချယ်စရာများစွာ ရရှိနိုင်သည်။
​ 

အီးမေးလ်လိပ်စာများ ထည့်သွင်းခြင်း-  အီးမေးလ်လိပ်စာများကြားတွင် ကော်မာခံပြီး ဖိတ်ခေါ်မှုအများအပြားကို တစ်ချိန်တည်း ပို့နိုင်ပါသည်။  CrowdTangle အနေဖြင့် အသုံးပြုသူများ၏ Facebook အကောင့်ကို ၎င်းတို့အား အတည်ပြုနိုင်ရန် အသုံးပြုပါသည်။  မိမိတို့၏ Facebook အကောင့်နှင့်ဆက်နွယ်မှုရှိသော အီးမေးလ်လိပ်စာရှိသည့် လူများကိုသာ ဖိတ်ခေါ်ပါ။
​ 

အသုံးပြုသူအမျိုးအစား- အဖိတ်ခေါ်ခံရသူများကို ဒက်ရှ်ဘုတ်အပြည့်အဝအသုံးပြုသူအဖြစ် ပြုလုပ်ပေးခြင်း သို့မဟုတ် ဖတ်ရုံဖတ်နိုင်သည့် ဝင်ရောက်အသုံးပြုခွင့်ပေးခြင်းတို့ ပြုလုပ်နိုင်သည်။
​ 

အသင်းသို့ ထည့်သွင်းခြင်း- ဤသည်ကို အကောင့်ပိုင်ရှင်များနှင့် အသင်းပိုင်ရှင်များသာ ပြုလုပ်နိုင်သည်။   အသုံးပြုသူများကို တစ်ချိန်တည်းတွင် ဒက်ရှ်ဘုတ် အများအပြား ဝင်ရောက်အသုံးပြုနိုင်ခွင့်ပေးခြင်းဖြင့် အသင်းတစ်ခုသို့ တိုက်ရိုက်ဖိတ်ခေါ်နိုင်သည်။
​ 

ဖိတ်ခေါ်မှုတစ်ခု ပို့ပြီးသည်နှင့် အဖိတ်ခေါ်ခံရသူသည် CrowdTangle မှ အတည်ပြုရန်လင့်ခ်ပါသည့် အီးမေးလ်တစ်စောင် လက်ခံရရှိမည်ဖြစ်သည်။  လုပ်ဆောင်ချက်ပြီးမြောက်ရန် အတည်ပြုသည့်လင့်ခ်ကို ကလစ်နှိပ်မှရမည်ဖြစ်သည်။  အသုံးပြုသူများ အီးမေးလ်ကို မျှော်လင့်နေနိုင်ရန် ၎င်းတို့အားဆက်သွယ်ထားခြင်းက အကြံကောင်းတစ်ခုဖြစ်ပါသည်။

 

ဒက်ရှ်ဘုတ် စကားဝှက်များ

အသုံးပြုသူများကို ဒက်ရှ်ဘုတ် URL နှင့် အသုံးပြုသူ သို့မဟုတ် ဖတ်ရုံဖတ်သည့် စကားဝှက် စသည်တို့ပေးခြင်းဖြင့် ၎င်းတို့ကိုယ်ကို သင်၏ဒက်ရှ်ဘုတ်များသို့ ထည့်သွင်းနိုင်သည့် အခွင့်အရေးလည်း ပေးနိုင်ပါသည်။  ဤစကားဝှက်များကို ဒက်ရှ်ဘုတ်ဆက်တင်များမှတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်သည်။

 
ဒက်ရှ်ဘုတ်တစ်ခုစီတွင် စကားဝှက်နှစ်ခုရှိသည်- ဒက်ရှ်ဘုတ် အသုံးပြုမှု အပြည့်အဝခွင့်ပြုပေးသည့် စကားဝှက်တစ်ခုနှင့် ဖတ်ရုံဖတ်သည့် ခွင့်ပြုချက်သာပေးသော စကားဝှက်တစ်ခုတို့ ဖြစ်သည်။  စကားဝှက်များကို ဒက်ရှ်ဘုတ်တစ်ခုစီအတွက် ကျပန်းသတ်မှတ်ထားခြင်းဖြစ်သော်လည်း မည်သည့်ဒက်ရှ်ဘုတ် အသုံးပြုသူကမဆို ပြောင်းလဲပစ်နိုင်သည်။
​  

အသုံးပြုသူအနေဖြင့် ၎င်းကိုယ်ကို ဒက်ရှ်ဘုတ်တစ်ခုသို့ထည့်သွင်းရန် အဆင့် ၃ ခု ရှိသည်။
​ 

  • ဒက်ရှ်ဘုတ် URL ကို ဘရောင်ဇာထဲသို့ အသုံးပြုသူက ရိုက်ထည့်ရမည်။

  • ထို့နောက်တွင် အသုံးပြုသူကို Facebook သို့လော့ဂ်အင်ဝင်ရန် တောင်းဆိုလိမ့်မည်။

  • အသုံးပြုသူအား ဒက်ရှ်ဘုတ်အတွက် ဖတ်ရုံဖတ်သည့် သို့မဟုတ် အသုံးပြုသူ စကားဝှက်ကို ပေးအပ်လိမ့်မည်။

ဤနည်းလမ်းကို ဝန်ထမ်းအသစ်များ ၎င်းတို့၏ ကိုယ်ပိုင် ဒက်ရှ်ဘုတ် ဝင်ရောက်အသုံးပြုခွင့်ကို စီမံခန့်ခွဲရန် ပါတနာများ မကြာခဏသုံးလေ့ရှိသည်။

  

အကောင့်အဆင့် ဖိတ်ခေါ်မှုများ

အကောင့်ပိုင်ရှင်များသည် ၎င်းတို့၏ အကောင့်ဆက်တင်များပါ အသုံးပြုသူဆက်ရှင်တွင် အကောင့်ဒက်ရှ်ဘုတ်များသို့ အသုံးပြုသူအားလုံးကို တစ်ပြိုင်နက်တည်း ဖိတ်ခေါ်ရန် ရွေးချယ်နိုင်သည်။
​ 

 
အသုံးပြုသူများကို အသုံးပြုသူများ သို့မဟုတ် ပိုင်ရှင်များ အဖြစ် ဖိတ်ခေါ်နိုင်ပါသည်။
​ 

 
အခြား ဖိတ်ခေါ်မှုများကဲ့သို့ပင် အသုံးပြုသူသည် ဆောင်ရွက်ချက်ပြီးဆုံးစေရန် ကလစ်နှိပ်ရန် လိုသော လင့်ခ်တစ်ခုပါသည့် CrowdTangle မှ အီးမေးလ်ကို လက်ခံရရှိမည်။
​ 

စီးပွားရေးလုပ်ငန်း အမည်စာရင်းဖွင့်စာမျက်နှာများ (ဒိုမိန်းများ)-

  

 

အကောင့်တစ်ခုချင်းစီသည် အသုံးပြုသူများကို CrowdTangle အတွက် ကိုယ်တိုင်အမည်စာရင်းတင်သွင်းခြင်း ပြုလုပ်စေနိုင်သည့် စီးပွားရေးလုပ်ငန်း အမည်စာရင်းဖွင့်စာမျက်နှာ ပါလေ့ရှိသည်။  အကောင့်ဆက်တင်၏ ခွင့်ပြုပြီးသော ဒိုမိန်းများကဏ္ဍသည် သင်၏ အမည်စာရင်းဖွင့်စာမျက်နှာကို မည်သူအသုံးပြုနိုင်ကြောင်း ထိန်းချုပ်ရန် အချို့သော အီးမေးလ်ဒိုမိန်းများကို ခွင့်ပြုစာရင်းသွင်းနိုင်အောင် ပြုလုပ်ပေးသည်။  အကောင့်ဆက်တင်များ၏ ဤနေရာရှိဒိုမိန်းများသည် အကောင့်အဆင့် ဒိုမိန်းများ (အောက်တွင်ကြည့်ပါ) ဖြစ်သည်။  
​  

  

သင့်အကောင့်၏ စီးပွားရေးလုပ်ငန်း အမည်စာရင်းဖွင့်စာမျက်နှာကို အသုံးပြုသူ အသစ်တစ်ဦးသုံးပြီး CrowdTangle အတွက် အမည်စာရင်းဖွင့်ရန် ကြိုးစားလျှင် အောက်ပါသုံးခုတို့အနက်မှ တစ်ခုဖြစ်လိမ့်မည်။
​ 

အသုံးပြုသူ၏ အီးမေးလ်ဒိုမိန်းသည် အကောင့်အဆင့်ဒိုမိန်းနှင့် ကိုက်ညီမှုရှိပါက-  ထိုအသုံးပြုသူသည် အမည်စာရင်းတင်သွင်းမှုကို အတည်ပြုသည့် လင့်ခ်ပါသောအီးမေးလ်တစ်စောင် လက်ခံရရှိမည်။  အမည်စာရင်းတင်သွင်းမှု လုပ်ဆောင်ပြီးသွားလျှင် ထိုသူသည် အကောင့်နှင့် ဆက်နွယ်နေသော ဒက်ရှ်ဘုတ်အားလုံးကို ဝင်ရောက်အသုံးပြုခွင့်ရှိမည်။
​ 

အသုံးပြုသူ၏ အီးမေးလ်ဒိုမိန်းသည် အသင်းအဆင့်ဒိုမိန်းနှင့် ကိုက်ညီမှုရှိပါက-  ထိုအသုံးပြုသူသည် အမည်စာရင်းတင်သွင်းမှုကို အတည်ပြုသည့် လင့်ခ်ပါသောအီးမေးလ်တစ်စောင် လက်ခံရရှိမည်။  အမည်စာရင်းတင်သွင်းမှု လုပ်ဆောင်ပြီးလျှင် ထိုသူ့ကို အီးမေးလ်ဒိုမိန်းနှင့် ဆက်နွယ်မှုရှိသော အသင်းတွင် ထည့်သွင်းလိုက်မည်ဖြစ်ပြီး အသင်းနှင့် ဆက်နွယ်မှုရှိသော ဒက်ရှ်ဘုတ်များကို ဝင်ရောက်အသုံးပြုခွင့် ရှိမည်။
​ 

အသုံးပြုသူ၏ အီးမေးလ်ဒိုမိန်းသည် အကောင့်ဒိုမိန်းများ တစ်ခုနှင့်မျှ ကိုက်ညီမှုမရှိလျှင်- အသုံးပြုသူသည် စာမျက်နှာပေါ်တွင် အမှား ဖြစ်နေကြောင်း လက်ခံရရှိမည်။
​ 

Did this answer your question?