All Collections
Burmese
FAQ: ဝင်ရောက်အသုံးပြုခွင့်နှင့် လော့ဂ်အင်ဝင်ခြင်း
FAQ: ဝင်ရောက်အသုံးပြုခွင့်နှင့် လော့ဂ်အင်ဝင်ခြင်း
T
Written by Tess
Updated over a week ago

ဤဆောင်းပါးတွင် အဖြေပေးထားသော မေးခွန်းများမှာ- 

  • ကျွန်ုပ်၏အကောင့်နှင့် လင့်ခ်ချိတ်ဆက်ထားသော ဒက်ရှ်ဘုတ်များ မရှိပါဟု CrowdTangle က အဘယ်ကြောင့် ရုတ်တရက်ပြောလာရသနည်း။

  • CrowdTangle က ကျွန်ုပ်ထံမှ အဘယ်ကြောင့် စကားဝှက်တောင်းနေသနည်း။

  • CrowdTangle သို့ လူအများကိုမည်သို့ ဖိတ်ခေါ်ရမည်နည်း။

  • ကျွန်ုပ်၏ ဒက်ရှ်ဘုတ်သို့ အခြားမည်သူတို့ ဝင်ရောက်အသုံးပြုခွင့်ရှိသည်ကို မည်သို့ကြည့်နိုင်မည်နည်း။

  • ဒက်ရှ်ဘုတ်တစ်ခုသို့ ဝင်ရောက်အသုံးပြုခွင့် တောင်းခံလျှင် မည်သို့ဖြစ်မည်နည်း။

  • ကျွန်ုပ်တို့၏ အကောင့် သို့မဟုတ် ဒက်ရှ်ဘုတ်မှ အသုံးပြုသူတစ်ယောက်ကို မည်သို့ ဖယ်ရှားရမည်နည်း။

 

၁) ကျွန်ုပ်၏အကောင့်နှင့် လင့်ခ်ချိတ်ဆက်ထားသော ဒက်ရှ်ဘုတ်များ မရှိပါဟု CrowdTangle က အဘယ်ကြောင့် ရုတ်တရက်ပြောလာရသနည်း။

Facebook အကောင့်အများအပြားသုံးသူများသည် တစ်ခါတစ်အရံ CrowdTangle သို့လော့ဂ်အင်ဝင်သည့်အခါ အကောင့်မှားပြီး ဝင်ထားခြင်းဖြစ်တတ်သည်။ ထိုအခါ သင်၏ဗားရှင်းအညံ့တွင် CrowdTangle က ပိတ်မိသွားပြီး ဗားရှင်းအကောင်းကို ပြောင်းခွင့်မပြုတော့ပေ။

ပြင်ဆင်ဖို့အတွက်ကတော့ လွယ်ကူပါတယ်။

  1. Facebook သို့သွားပြီး မကောင်းသောသင် 😡 ကနေ လော့ဂ်အောက်လိုက်ပါ။

  2. Facebook သို့ပြန်သွားကာ ကောင်းသောသင် 😀 ကို လော့ဂ်အင်ဝင်ပါ။

  3. CrowdTangle မှ လော့ဂ်အောက်ဖို့ https://apps.crowdtangle.com/logout ကို သွားပါ။ ဤသို့ပြုလုပ်ခြင်းက မကောင်းသောသင် 👻 နှင့် CrowdTangle တို့၏ ကဏ္ဍကို ပယ်ဖျက်ပြီး crowdtangle.com. ထံသို့ သင့်ကိုခေါ်ဆောင်သွားပါလိမ့်မယ်။

  4. သင့်ဒက်ရှ်ဘုတ်သို့ ပြန်သွားပါ (သို့မဟုတ် https://apps.crowdtangle.com သို့သွားပြီး ရနိုင်သောဒက်ရှ်ဘုတ်များကို ကြည့်ရန် “လော့ဂ်အင်” ကို ကလစ်နှိပ်ပါ) ။ ဒက်ရှ်ဘုတ်တွင် ကောင်းသောသင် 🙃 အဖြစ် သင့်ကိုယ်သင် ပြန်တွေ့ရလိမ့်မည်။

 

၂) CrowdTangle က ကျွန်ုပ်ထံမှ အဘယ်ကြောင့် စကားဝှက်တောင်းနေသနည်း။

CrowdTangle တွင် ကိုယ်ပိုင်အသုံးပြုသူ နာမည်များ၊ စကားဝှက်များမရှိပါ- သင့်အထောက်အထားကို စီမံခန့်ခွဲရန် Facebook ပေါ်တွင် မှီခိုခြင်းဖြစ်သည်။  သို့သော် ဒက်ရှ်ဘုတ်များတွင် ကိုယ်ပိုင်စကားဝှက်များ ( ဒက်ရှ်ဘုတ်ဆက်တင်များတွင် တွေ့နိုင်သည်) ရှိသည်၊ ထို့ပြင် URL မှတစ်ဆင့် ဒက်ရှ်ဘုတ်သို့ တိုက်ရိုက်သွားရန် လုပ်ဆောင်နေသူကို CrowdTangle က မမှတ်မိလျှင် စကားဝှက်တောင်းမည် ဖြစ်သည်။  ထိုပြဿနာကို ပြင်ဆင်ရန် crowdtangle.com တွင် CrowdTangle သို့တိုက်ရိုက် လော့ဂ်အင်ဝင်ပြီး ထိုနေရာတွင် သင့်ဒက်ရှ်ဘုတ်ကို ထည့်ပါ။

၃) CrowdTangle သို့ လူအများကိုမည်သို့ ဖိတ်ခေါ်ရမည်နည်း။

မှတ်စု- အကောင့်ပိုင်ရှင်များနှင့် အသင်းပိုင်ရှင်များတွင် ၎င်းတို့၏ CrowdTangle အကောင့်သို့ အသုံးပြုသူများထည့်သွင်းရန် အထောက်အကူကိရိယာအချို့ရှိသည်။  အကောင့်ပိုင်ရှင်များအတွက် နောက်ထပ်အချက်အလက်များကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
 

သင်သည် ဒက်ရှ်ဘုတ်အပြည့်အဝအသုံးပြုသူ ( ဖတ်ရုံဖတ်သည့် အသုံးပြုသူ မဟုတ်လျှင်) ဖြစ်သရွေ့ "လူအများကိုဖိတ်ခေါ်ရန်" ကို ကလစ်နှိပ်ပြီး ၎င်းတို့၏ အီးမေးလ်လိပ်စာကို ထည့်သွင်းခြင်းဖြင့် ဒက်ရှ်ဘုတ်သို့ လူများဖိတ်ခေါ်နိုင်သည်။  ထိုသို့ပြုလုပ်လိုက်သည်နှင့် မှ feedback@crowdtangle.com လုပ်ဆောင်ချက်ပြီးမြောက်စေရန် Facebook သို့ လော့ဂ်အင်ဝင်ခိုင်းမည့် အီးမေးလ်တစ်စောင် ၎င်းတို့လက်ခံရရှိမည်။  ထိုအဆင့်ကို ၎င်းတို့မလုပ်ဆောင်လျှင် ၎င်းတို့အကောင့် ဖန်တီးမှု မပြီးမြောက်နိုင်ပါ။
​ 

အခြားနည်းဖြင့်ဆိုလျှင် သင့်ဒက်ရှ်ဘုတ်သို့ သွားရန် URL ကို ဖတ်ရုံဖတ်သည့် သို့မဟုတ် အသုံးပြုသူ စကားဝှက် ( သင့်ကိုယ်ရေးမှတ်တမ်း ဓါတ်ပုံဘေးရှိ ဂီယာအိုင်ကွန်အောက်ရှိ ဒက်ရှ်ဘုတ်ဆက်တင်များတွင် တွေ့နိုင်သည်) နှင့်အတူ လူအများထံပို့နိုင်သည်။

၄) ကျွန်ုပ်၏ ဒက်ရှ်ဘုတ်သို့ အခြားမည်သူတို့ ဝင်ရောက်အသုံးပြုခွင့်ရှိသည်ကို မည်သို့ကြည့်နိုင်မည်နည်း။

သင့်ဒက်ရှ်ဘုတ်ထဲတွင် ရှိနေချိန်တွင် သင့်ကိုယ်ရေးမှတ်တမ်းဓါတ်ပုံ ( ညာဘက်အပေါ် ) ဘေးရှိ ဂီယာအိုင်ကွန်ပေါ်တွင် ကလစ်နှိပ်ပြီး "အသုံးပြုသူ စီမံခန့်ခွဲရေး" ပေါ်တွင် ကလစ်နှိပ်ပါ။  ထိုသို့လုပ်ခြင်းဖြင့် ဒက်ရှ်ဘုတ်အသုံးပြုသူများအားလုံးကို မြင်တွေ့နိုင်မည်။  ထိုရွေးချယ်စရာကို သင်မတွေ့လျှင် မည်သူ့တွင် ဝင်ရောက်အသုံးပြုခွင့်ရှိသည်ကို သိနိုင်ရန် သင့်အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရန် လိုအပ်လိမ့်မည်။

၅) ဒက်ရှ်ဘုတ်တစ်ခုသို့ ဝင်ရောက်အသုံးပြုခွင့် တောင်းခံလျှင် မည်သို့ဖြစ်မည်နည်း။

သင့်ဒက်ရှ်ဘုတ်စာရင်းရှိ ဒက်ရှ်ဘုတ်တစ်ခုဘေးတွင် "ဝင်ရောက်အသုံးပြုခွင့် တောင်းခံရန်" ကို ကလစ်နှိပ်သည့်အခါ တောင်းဆိုချက်ကို လက်ခံ သို့မဟုတ် ငြင်းဆိုနိုင်သည့် အကောင့်ပိုင်ရှင် တစ်ယောက်သို့မဟုတ် တစ်ယောက်ထက်ပိုပြီး အသိပေးချက်ပေးပို့မည်။  တစ်ခါတစ်ရံတွင် ထိုအသိပေးချက်များကို အကောင့်ပိုင်ရှင်တစ်ဦးတစ်ယောက်ကိုမျှ လက်ခံရန်ထည့်သွင်းထားခြင်းမရှိပါ။  ဤသည်က ပြဿနာဖြစ်နေသည်ဟု သင်ထင်ပါက သင့်အကောင့်ပိုင်ရှင်ထံသို့ ဤဆောင်းပါးကို ပေးပို့ပါ။  သင့်အကောင့်ပိုင်ရှင်က မည်သူမည်ဝါဖြစ်ကြောင်း မသေချာလျှင် support@crowdtangle.com. သို့ဆက်သွယ်နိုင်သည်။

၆) ကျွန်ုပ်တို့၏ အကောင့် သို့မဟုတ် ဒက်ရှ်ဘုတ်မှ အသုံးပြုသူတစ်ယောက်ကို မည်သို့ ဖယ်ရှားရမည်နည်း။

အကောင့်ပိုင်ရှင်များသာလျှင် အကောင့်မှ တစ်စုံတစ်ယောက်ကို ဖယ်ရှားနိုင်သည်။  အသုံးပြုသူများကို ဖျက်ခြင်းနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို ဤနေရာတွင် ကြည့်နိုင်ပါသည်။  သင့်တွင်အကောင့်ပိုင်ရှင်မရှိလျှင် - သို့မဟုတ် မည်သူမည်ဝါဖြစ်မှန်းမသိလျှင် - အကူအညီရရန် support@crowdtangle.com သို့ဆက်သွယ်နိုင်သည်။

Did this answer your question?