All Collections
Burmese
အသိပေးချက်များ
အသိပေးချက်များ
T
Written by Tess
Updated over a week ago

အသိပေးချက်များဆိုသည်မှာ ဘာလဲ

အသိပေးချက်များသည် CrowdTangle ဒက်ရှ်ဘုတ်မှ သင် သို့မဟုတ် သင့်အနားရှိသူများထံ အီးမေးလ်မှဖြစ်စေ Slack မှဖြစ်စေ ပို့လိုက်သော အရေးကြီးသည့် အချက်အလက်များရရန် နည်းလမ်းတစ်ခုဖြစ်သည်။
​ 

အသိပေးချက်များကို အဘယ်ကြောင့် အသုံးပြုရမည်နည်း။

  • အပတ်စဉ်တိုင်း စွမ်းဆောင်ရည်ကျော်လွန်သော သင်၏ထိပ်ဆုံးရောက်ပို့စ်များကို သိလိုလျှင်

  • ဦးဆောင်ဘုတ်ဒေတာများကို လစဉ် လုပ်ငန်းဆောင်ရွက်မှု သုံးသပ်ချက်များမထွက်ခင် သင့်အသင်းသို့ ပို့လိုလျှင်

  • စွမ်းဆောင်ရည်မြင့်သော အကြောင်းအရာကို လက်တွေ့အချိန်အလိုက် ဖော်ထုတ်လိုလျှင်

  • လွှမ်းမိုးသူတစ်ယောက်က သင့်အကြောင်းအရာသို့ လင့်ခ်ချိတ်ဆက်နေသောအခါ အသိပေးခံရလိုလျှင်


အသိပေးချက်များကို မည်သို့ အသုံးပြုရမည်နည်း။

အသိပေးချက်များကို ခြုံငုံသုံးသပ်ချက်-

အသိပေးချက်များကို CrowdTangle ၏ အသိပေးချက်ဆက်ရှင်တွင် ဖန်တီးနိုင်၊ တည်းဖြတ်နိုင်၊ ဖျက်သိမ်းနိုင်သည်။ ထိုဆက်ရှင်ကို နေရာနှစ်ခုတွင် တွေ့နိုင်သည်- စာရင်း သို့မဟုတ် သိမ်းဆည်းထားသော ရှာဖွေမှုတစ်ခု၏ အသိပေးချက်အကွက်တွင်ဖြစ်စေ သို့မဟုတ် ဘယ်ဘက်လမ်းကြောင်းပြဘား၏ ကမ္ဘာလုံးဆိုင်ရာ အသိပေးချက်များ ဆက်ရှင်တွင် ဖြစ်သည်။  

  

အသိပေးချက်များသည် အီးမေးလ်များအဖြစ် သို့မဟုတ် အချို့ကိစ္စရပ်များတွင် Slack ချန်နလ်သို့ပို့သော စာတိုများအဖြစ် လာနိုင်သည်။  အသိပေးချက်တစ်ခုစီကို သတ်မှတ် စာရင်းများ သို့မဟုတ် သိမ်းဆည်းထားသော ရှာဖွေမှုများတွင် ပူးတွဲထားနိုင်သည်၊ ဆိုလိုသည်မှာ ၎င်းတစ်ခုစီသည် သတ်မှတ်ဒက်ရှ်ဘုတ်တစ်ခုတွင် ပူးတွဲရှိနေမည်ဖြစ်သည်။ စာရင်း သို့မဟုတ် ရှာဖွေမှုတစ်ခု၏ အသိပေးချက်အကွက်မှ ဖန်တီးထားသော အသိပေးချက်များသည် ထိုစာရင်း သို့မဟုတ် ရှာဖွေမှုတွင် အလိုအလျောက်တွဲချိတ်ပြီးဖြစ်မည်။  ကမ္ဘာလုံးဆိုင်ရာ အသိပေးချင်များဆက်ရှင်မှ အသိပေးချက်များသည် မည်သည့်မူရင်း စာရင်း သို့မဟုတ် ရှာဖွေမှုတွင်မှ ချည်နှောင်ထားခြင်းမရှိပါ။  အသိပေးချက်တစ်ခုကို တစ်ကြိမ်တွင် ပလက်ဖောင်းတစ်ခုမှသာ ဆွဲယူနိုင်သည်။  

  

အီးမေးလ်အသိပေးချက်များကို feedback@crowdtangle.com မှပေးပို့သည်။  အချို့အဖွဲ့အစည်းများအနေဖြင့် အသိပေးချက်များသည် ၎င်းတို့၏ အမှိုက်စာစစ်ထုတ်မှုများကို ကျော်လွန်နိုင်ရန် ထိုအီးမေးလ်လိပ်စာကို အထူးသဖြင့် ခွင့်ပြုစာရင်းသွင်းပေးဖို့လိုသည်။ သေချာစေရန် သင့် IT ဌာနကို ဆက်သွယ်ပါ။

မှတ်ချက် - ဒက်ရှ်ဘုတ် အပြည့်အဝအသုံးပြုသူများသာလျှင် အသိပေးချက်များကို ဖန်တီးနိုင် သို့မဟုတ် မွမ်းမံနိုင်သည်။  ဖတ်ရုံဖတ်သည့် အသုံးပြုသူများကိုမူ ၎င်းတို့ကိုယ်ကို ရှိပြီးသားအသိပေးချက်များအား စာရင်းသွင်းမှာယူခြင်းမှ ကန့်သတ်ထားသည်။

Slack အသိပေးချက်များ စတင်ထည့်သွင်းခြင်း-

၂၀၁၉ တွင်အသစ်ဖြစ်သည်၊ သင့်ဒက်ရှ်ဘုတ်အတွင်းတွင် အသိပေးချက်များသို့ သွားပါ၊ ထို့နောက် ပျံ့နှံ့မှု သို့မဟုတ် ညွှန်းဆိုမှု သတိပေးချက်ကို ရွေးပြီး “Slack သို့ထည့်သွင်းရန်” ကို ကလစ်နှိပ်ပါ။ ဤသို့ပြုလုပ်ခြင်းက Slack ခွင့်ပြုပေးခြင်းစခရင်န်သို့ ပြန်လည်ညွှန်းပို့ပြီး ထိုနေရာတွင် ပို့စ်တင်ရန် သင့်လျော်သော #ချန်နလ် ကို ရွေးနိုင်သည်။ ချန်နလ်ကို ယနေ့၏ နောက်တစ်ချိန်တွင် ပြောင်းလိုလျှင် ပြန်ပိတ်ပြီး Slack သို့ထည့်သွင်းရန် ခလုတ်ပေါ်လာလျှင် မတူသော #ချန်နလ် တစ်ခုကို သင်ရွေးနိုင်သည်။ 

အကယ်၍ သတိပေးချက်အသစ်ဖြစ်လျှင် “ဖန်တီးပြီး စာရင်းသွင်းရန်” ကို ကလစ်မနှိပ်မချင်း “Slack သို့ထည့်သွင်းရန်” ခလုတ်ကို မြင်တွေ့ရမည်မဟုတ်ပါ။

ဤနည်းကို ပျံ့နှံ့မှု သို့မဟုတ် ညွှန်းပို့မှု သတိပေးချက်များအတွက် ပမာဏအကန့်အသတ်မရှိ ပြုလုပ်နိုင်သည်။ သို့သော်လည်း ဤပေါင်းစည်းမှုသည် Digest များ သို့မဟုတ် ဦးဆောင်ဘုတ် အသိပေးချက်များအား ထောက်ပံ့ခြင်းမရှိပါ။ 

ဤသည် ယခင် စာတိုအဝင် ဝက်ဘ်ဟွခ်များတွင် သုံးခဲ့သည့် Slack ပေါင်းစည်းမှုအဟောင်းကို အစားထိုးခြင်းဖြစ်ကြောင်း သတိမူပါ။ ကံကောင်းစွာပင် ဤနည်းက ပိုလွယ်ကူပါသည်။ 

အီးမေးလ် အသိပေးချက်များကို ဖန်တီးခြင်း-

အသိပေးချက်များကို အမည်ပေးခြင်း- အသိပေးချက်တစ်ခုစီတွင် အမည်နှင့် အကြောင်းအရာစာကြောင်းတစ်ခု ပါသည်။  အမည်တစ်ခုကို ဆုံးဖြတ်ရာတွင် တတ်နိုင်သမျှ အတိအကျသတ်မှတ်ပေးပါ။  သို့မှသာ သင့်အသိပေးချက်များကို နောင်တွင် ပြန်လည်ချိန်ညှိရန် လိုအပ်လာပါက ခွဲခြားရန် လွယ်ကူမည်ဖြစ်သည်။  ထိုနည်းတူပင် အကြောင်းအရာစာကြောင်းနှင့် အသိပေးချက်အမည်တို့ ကိုက်ညီရန်လည်း အရေးကြီးသည်။  အီးမေးလ်အသိပေးချက်ကို တစ်စုံတစ်ယောက်လက်ခံရရှိပါက အီးမေးလ်၏ အကြောင်းအရာစာကြောင်းကိုသာ ထိုသူကမြင်တွေ့နိုင်မည်ဖြစ်သည်။  အသိပေးချက်အမည်နှင့် အီးမေးလ်၏ အကြောင်းအရာစာကြောင်းတို့ မကိုက်ညီပါက နောင်တွင် ၎င်းတို့ထံမှ လူအများကို ထည့်သွင်းခြင်း/ဖယ်ရှားခြင်းလုပ်ရန် အလွန်ခက်ခဲနိုင်မည်ဖြစ်သည်။

 

လူအများကို အသိပေးချက်များသို့ စာရင်းသွင်းခြင်း/စာာရင်းဖျက်ခြင်း-  အီးမေးလ်အသိပေးချက် ဖန်တီးပြီးသည်နှင့် အသိပေးချက်များသို့ လူအများကိုထည့်သွင်းရန် နောက်သို့ပြန်သွားပြီး စာရင်းသွင်းမှုများ ဆက်ရှင်ကို သုံးနိုင်သည်။  လူတိုင်းကို CrowdTangle အကောင့်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အသိပေးချက်သို့ထည့်သွင်းနိုင်သည်၊ သို့သော် ၎င်းတို့ကို အသိပေးချက်သို့မထည့်သွင်းမီ အသိပေးရန် အရေးကြီးသည်။  

 

တစ်စုံတစ်ယောက်၏အမည်ဘေးရှိ ရွှေ့သည့်ခလုတ်က ပြာနေလျှင် ထိုသူကို အသိပေးချက်ရနိုင်ရန် စာရင်းသွင်းပြီးဖြစ်သည်။  အသိပေးချက်အမည်ဘေးရှိ ရွှေ့သည့်ခလုတ်အကြီးက ပြာနေလျှင် သင့်ကိုစာရင်းသွင်းပြီးဖြစ်ကြောင်း ပြခြင်းဖြစ်သည်။  ရွှေ့သည့် ခလုတ်တစ်ခုခုကို နှိပ်ပြီး မီးခိုးရောင်ပြောင်းသွားလျှင် အသိပေးချက်မှ စာရင်းသွင်းမှုဖျက်ပြီးဖြစ်မည်။

 

အသိပေးချက်များကို အချိန်ဇယားဆွဲခြင်း-  Digest များနှင့် ဦးဆောင်ဘုတ် အသိပေးချက်များကို သတ်မှတ်အချိန်များတွင် ပို့ရန် အချိန်ဇယားဆွဲသင့်သည်။  (ပျံ့နှံ့မှု သတိပေးချက်များနှင့် ညွှန်းပို့မှု သတိပေးချက်များကို ကြိုတင်အချိန်ဇယားဆွဲထားခြင်းမရှိပါ၊ အောက်တွင်ကြည့်နိုင်သည်) အသိပေးချက်တစ်ခုကို အချိန်ဇယားဆွဲရာတွင် နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ သို့မဟုတ် တစ်ပတ်လည်အနေအထားဖြင့် သို့မဟုတ် စိတ်ကြိုက်အချိန်လိုက်မှတ်တမ်းတစ်ခုတွင်လည်းကောင်း ၎င်းကိုပို့ဆောင်ပေးရန် သင်ရွေးချယ်နိုင်သည်။  

တစ်ပတ်လည်မှုကို ရွေးလိုက်လျှင် တနင်္လာနေ့မှ သောကြာနေ့အထိ နာရီအနည်းငယ်ကြာတိုင်း Digest ပို့ပေးရန် အချိန်ဇယားဆွဲပြီးဖြစ်မည်။  အသိပေးချက်ကို တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ၊ လေးနာရီ သို့မဟုတ် ခြောက်နာရီပြည့်တိုင်း ပို့ရန် ထားရှိနိုင်သည်။  သင်အလိုရှိလျှင် ရုံးပိတ်ရက်များတွင် Digest ပို့ပေးရန် ရွေးချယ်နိုင်သည်။
​ 

အသိပေးချက်အမျိုးအစားများ

အသိပေးချက် အမျိုးအစား အဓိကလေးမျိုးရှိသည်။

  • Digest- ရှာဖွေမှု သို့မဟုတ် စာရင်းအလိုက် ပို့စ်များ၏အကျဉ်းချုပ်

  • ဦးဆောင်ဘုတ်- ရှာဖွေမှု သို့မဟုတ် စာရင်းတစ်ခုတွင် စာမျက်နှာများ/အကောင့်များကို အဆင့်သတ်မှတ်ခြင်း

  • ပျံ့နှံ့မှု သတိပေးချက်- ရှာဖွေမှု သို့မဟုတ် စာရင်းတစ်ခုတွင် စွမ်းဆောင်ရည်ကျော်လွန်သော ပို့စ်များအတွက် ချက်ချင်းအသိပေးချက် (Slack ပေါင်းစည်းမှု ရနိုင်သည်)

  • ညွှန်းပို့မှု သတိပေးချက်- ထိပ်ဆုံးရောက် စာမျက်နှာ/အကောင့်တစ်ခုက သင့်ပို့စ်တစ်ခုကိုမျှဝေသည့်အခါ ချက်ချက်းအသိပေးချက် (Slack ပေါင်းစည်းမှု ရနိုင်သည်) 

Digest

Digest နမူနာတစ်ခုကို ကြည့်ရန် ဤနေရာ ကို ကလစ်နှိပ်ပါ။

Digest များသည် သို့မဟုတ် သင့်အသင်းမှ တစ်စုံတစ်ယောက်ကို အချိန်အပိုင်းအခြား၊ စွမ်းဆောင်ရည် စစ်ထုတ်မှုများနှင့် ပို့စ်အမျိုးအစားပေါ်မူတည်ပြီးပို့သော ပို့စ်များစုစည်းမှုဖြစ်သည်။  Digest များ၏ စံဥပမာများမှာ-

  • သင့်စာမျက်နှာများ/အကောင့်များမှ စွမ်းဆော်ရည်ကျော်လွန်သော ပို့စ် ၁၀ ခု

  • ယှဉ်ပြိုင်ဘက် စာရင်းမှ အပြန်အလှန်တုံ့ပြန်မှု ထိပ်ဆုံးရောက်သည့် ပို့စ် ၁၀ ခု

  • ညတွင်းချင်း အရေးပေါ်သတင်း Digest

Digest ကို နည်းလမ်းအမျိုးမျိုးဖြင့် စိတ်ကြိုက်လုပ်ဆောင်နိုင်သည်။

အချိန်ဇယားချခြင်း- လွန်ခဲ့သော တစ်နှစ်က ပို့စ်များ

Digest များသည် အချိန်ဇယားချထားသော အသိပေးချက်ဖြစ်သည်- ဆိုလိုသည်မှာ ၎င်းတို့ကို ကြိုတင်သတ်မှတ်ထားသော အချိန်အပိုင်းအခြားများတွင် ပို့ခြင်းဖြစ်သည်။  (အပေါ်ရှိ “အသိပေးချက်များကို အချိန်ဇယားဆွဲခြင်း” ကိုကြည့်ပါ)။  Digest တစ်ခုကို နေ့စဉ်၊ အပတ်စဉ် သို့မဟုတ် စိတ်ကြိုက်အချိန်တစ်ခုတွင် ပို့ရန်အချိန်ဇယားချထားလျှင် လွန်ခဲ့သော တစ်နှစ်က ပို့စ်များကို ပို့ပေးရန် သင်ရွေးချယ်နိုင်မည်။  ဤ Digest များသည် အတိတ်ကိုပြန်ပြောင်းကြည့်ရှုခြင်းဖြစ်သည်- မကြာသေးခင်က ပို့စ်များကို ပို့ခြင်းထက် ယခင်နှစ်က တူညီသော အချိန်မှ ပို့စ်များကို ပို့မည်ဖြစ်သည်။  ဤအရာများသည် ထူးခြားသောဖြစ်ရပ်များအတွက် နှစ်ပတ်လည်များအတွက် အရေးပါသည့် သတိပေးချက်များဖြစ်နိုင်သည်။ ၎င်းက သင်၏ယခု သတင်းစက်ဝန်းအတွက် အရေးပါသော နောက်ခံအကြောင်းအရာဖြစ်နိုင်သည်။  

စာရင်းများနှင့် သိမ်းဆည်းထားသောရှာဖွေမှုများ

Digest များကို အနည်းဆုံး သိမ်းဆည်းထားသော ရှာဖွေမှု သို့မဟုတ် စာရင်းတစ်ခုသို့ ပူးတွဲချည်နှောင်ထားရမည်။ သို့သော် ၎င်းတို့ကို သိမ်းဆည်းထားသော ရှာဖွေမှုများ နှင့် စာရင်းများကို ပေါင်းစပ်ထားမှုတွင်လည်း ပူးတွဲချည်နှောင်ထားနိုင်သည်။  ထိုသို့သောအခြေအနေများတွင် Digestသည် ရှာဖွေမှုသည် ရှာဖွေမှု/စာရင်းတစ်ခုစီမှ ပို့စ်များကို စုပေါင်းပြီး "အဆင့်မြင့် ရွေးချယ်စရာများ" အောက်ရှိ စိတ်ကြိုက်ပြုပြင်မှုများကို အခြေခံကာ မည်သည်ကို ပို့ရမည်ကို ဆုံးဖြတ်လိမ့်မည်။
​ 

အဆင့်မြင့်ရွေးချယ်စရာများ

အဆင့်သတ်မှတ်ချက် အမျိုးအစာ.- သင်ရွေးချယ်သော အဆင့်သတ်မှတ်ချက်အမျိုးအစား အပေါ်အခြေခံပြီး မည်သည့်ပို့စ်များကို ပို့ရမည်ကို Digest များကဆုံးဖြတ်လိမ့်မည်။  ရွေးချယ်မှုများသည် စာရင်းများနှင့် သိမ်းဆည်းထားသော ရှာဖွေမှုများရှိ ပို့စ်အကွက်အောက်ရှိ စွမ်းဆောင်ရည်စစ်ထုတ်မှုများနှင့် အလားတူသည်။  ဤရွေးချယ်စရာများသည် မည်သည်ကိုဆိုလိုကြောင်းထပ်မံသိလိုလျှင် ဤနေရာတွင် ကျွန်ုပ်တို့၏ ပို့စ်များနှင့် ပို့စ်စိစစ်မှုများ ဆောင်းပါးကို ဖတ်ပါ။

ထည့်သွင်းရမည့် ပို့စ်အမျိုးအစား-  မူရင်းအနေအထားတွင် Digest တစ်ခုသည် မည်သည့်ပို့စ်အမျိုးအစားကိုမဆို ပို့မည်ဖြစ်သော်လည်း သတ်မှတ်အမျိုးအစားတစ်ခုအတွက် ပို့စ်များတွင်သာ Digest ထည့်သွင်းရန်လည်း သင်လုပ်ဆောင်နိုင်သည်။  ၎င်းတွင် တိကျသော ဗီဒီယိုပို့စ်အမျိုးအစားများကို ရွေးချယ်နိုင်ခြင်း သို့မဟုတ် အမှတ်တံဆိပ်ဆိုင်ရာ အကြောင်းအရာကိုသာ မြင်ရရန် (Facebook သို့မဟုတ် ဒက်ရှ်ဘုတ်တစ်ခုတွင်) ရွေးချယ်နိုင်သည်။

ပို့စ်များ၏ အရေအတွက်- Digest များသည် သင်ရွေးချယ်ထားသော အခြားအရာများအပေါ်အခြေခံပြီး ထိပ်ဆုံးရောက် ပို့စ်များ ၁၀ ခုကို မူရင်းအားဖြင့် ပို့မည်ဖြစ်သော်လည်း ထိုအရေအတွက်ကို သင်လိုအပ်သလောက် ချိန်ညှိနိုင်ပါသည်။

အနည်းဆုံး အပြန်အလှန်တုံ့ပြန်မှုများ-  အပြန်အလှန်တုံ့ပြန်မှုများ အနေနှင့်ကြည့်လျှင် သတ်မှတ်အဆင့်သို့ မရောက်သည့် အကြောင်းအရာကို စစ်ထုတ်ပြီးချန်ထားရန် အခွင့်အရေးကို ၎င်းကပေးသည်။  သင်၏ အဆင့်သတ်မှတ်ချက်အမျိုးအစားကို စွမ်းဆောင်ရည်ကျော်လွန်သော နှင့် စွမ်းဆောင်ရည်မပြည့်မီသော ဟူ၍သတ်မှတ်ထားလျှင် အထောက်အကူဖြစ်လိမ့်မည်။

စိတ်ကြိုက် အလေးသာမှုများ- တိကျသော အသိပေးချက်တစ်ခုအတွက် စွမ်းဆောင်ရည်ကျော်လွန်သည့် အမှတ်ကို မည်သို့တွက်ချက်သည်ဆိုသည့်အပေါ် CrowdTangle က သင့်အားထိန်းချုပ်နိုင်စွမ်းပေးထားသည်။  အမှတ်ထည့်တွက်ရာတွင် အချို့သော အပြန်အလှန်တုံ့ပြန်မှုများကို အပြီးဖယ်ရှားရန် ရွေးချယ်နိုင်သလို အချို့သော အပြန်အလှန်တုံ့ပြန်မှုများကို ပို၍အလေးသာစေရန်လည်း ရွေးချယ်နိုင်သည်။  ဤသို့ပြုလုပ်ခြင်းသည် တိကျသော အပြန်အလှန်တုံ့ပြန်မှုတစ်ခု - နှစ်သက်မှုများ၊ မှတ်ချက်များ သို့မဟုတ် မျှဝေမှု စသည့်အမျိုးအစားတစ်ခုကို ပြုလုပ်စေရာတွင် အထူးသဖြင့် အားကောင်းသည့် အကြောင်းအရာကို လေ့လာလိုသည့် အခြေအနေများတွင် အသုံးဝင်သည်။

 

ဦးဆောင်ဘုတ်

ဦးဆောင်ဘုတ် အသိပေးချက်တစ်ခု၏ ဥပမာကို ကြည့်ရန် ဤနေရာတွင် ကလစ်နှိပ်ပါ။

ဦးဆောင်ဘုတ်အသိပေးချက်များသည် အချက်အလက်များအတွက် ဒက်ရှ်ဘုတ်သို့ သွားရမည့်အစား တစ်စုံတစ်ဦးထံ ဦးဆောင်ဘုတ်မှ ဒေတာများ တိုက်ရိုက်ပို့ပေးသော နည်းလမ်းတစ်ခုဖြစ်သည်။  ဦးဆောင်ဘုတ်အသိပေးချက် စံဥပမာများမှာ-

  • သင်နှင့် သင့်နှီးနွယ်သူများကို အပြန်အလှန်တုံ့ပြန်မှု စွမ်းဆောင်ရည်နှင့် အပတ်စဉ် အဆင့်သတ်မှတ်ခြင်း

  • သင်နှင့်နယ်ပယ်တူများနှင့် ယှဉ်၍ သင့်ကို အဆင့်သတ်မှတ်သည့် လစဉ်ယှဉ်ပြိုင်မှု အပ်ဒိတ်

  • စျေးကွက် ကျယ်ပြန့်လာမှု စိစစ်ချက်

ဦးဆောင်ဘုတ် အကွက်နှင့်မတူဘဲ ဦးဆောင်ဘုတ်အသိပေးချက်များသည် မက်ထရစ်တစ်ခုပေါ်ကိုသာ အာရုံစိုက်သည်။  အသိပေးချက်ကို စတင်ထည့်သွင်းရာတွင် မည်သည့်မက်ထရစ်ကို ပို့ပေးရန် သင်ရွေးချယ်နိုင်သည်။

စုစုပေါင်း အပြန်အလှန်တုံ့ပြန်မှုများ- ၎င်းသည် ဦးဆောင်ဘုတ်များအတွက် မူရင်းဆက်တင်ဖြစ်ပြီး စာရင်း သို့မဟုတ် ရှာဖွေမှုထဲရှိ စာမျက်နှာများ/အကောင့်များကို ယင်းတို့၏ အကြောင်းအရာများ သတ်မှတ်ထားသည့် အချိန်အတိုင်းအတာတစ်ခုတွင် ရယူနိုင်ခဲ့သော အပြန်အလှန်တုံ့ပြန်မှု အရေအတွက် စုစုပေါင်းနှင့် အဆင့်သတ်မှတ်မည်ဖြစ်သည်။

အပြန်အလှန်တုံ့ပြန်မှု နှုန်း- ဤနည်းက စာမျက်နှာများ/အကောင့်များကို ဦးဆောင်ဘုတ် အပြန်အလှန်တုံ့ပြန်မှုနှုန်းဖြင့် အဆင့်သတ်မှတ်လိမ့်မည်။  ပို့စ်အပြန်အလှန်တုံ့ပြန်မှုနှုန်းနှင့် မတူဘဲ ဦးဆောင်ဘုတ် အပြန်အလှန်တုံ့ပြန်မှုနှုန်းကို တွက်ချက်ရာတွင် စာမျက်နှာ/အကောင့်တစ်ခု၏ တိကျသော အချိန်အကန့်အသတ်တစ်ခုအတွင်း ရယူနိုင်ခဲ့သော အပြန်အလှန်တုံ့ပြန်မှုစုစုပေါင်းကို ထိုအချိန်အကန့်အသတ်တစ်ခုအတွင်း ပို့စ်များအရေအတွက်နှင့် စားခြင်းဖြစ်သည်။  ထို့နောက်တွင် ၎င်းကို ထိုအချိန်အကန့်အသတ်အတွင်းတွင် စာမျက်နှာ/အကောင့်က ရရှိခဲ့သော စာမျက်နှာနှစ်သက်မှုများ/ အကောင့်သတင်းလိုက်သူများ၏ ပျှမ်းမျှအရေအတွက်နှင့် ပြန်စားသည်။  နောက်ဆုံးရသည့် အရေအတွက်ကို ရာခိုင်နှုန်းအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ 

ပို့စ်များစုစုပေါင်း-  ဤမက်ထရစ်သည် စာမျက်နှာ/အကောင့်တစ်ခုအတွက် အပြန်အလှန်တုံ့ပြန်မှုဒေတာကို ထည့်တွက်မည်မဟုတ်ဘဲ ထိုအစား ၎င်းအချိန်အကန့်အသတ်အတွင်းမှ ပို့စ်များ၏အရေအတွက်အပေါ် အခြေခံပြီး တစ်ခုလုံးကို အဆင့်သတ်မှတ်မည်ဖြစ်သည်။  

အကောင့် အရွယ်အစား- ဤမက်ထရစ်သည် စာမျက်နှာနှစ်သက်မှုများ သို့မဟုတ် အကောင့်သတင်းလိုက်သူများ၏ အရေအတွက်နှင့် အဆင့်သတ်မှတ်သည်။ 

အကောင့် တိုးတက်မှု (စုစုပေါင်း)- ဤမက်ထရစ်သည် အသိပေးချက်၏ အချိန်အကန့်အသတ်အတွင်းတွင် စာမျက်နှာ/အကောင့်တစ်ခုက ရရှိခဲ့သော နှစ်သက်မှုများ/သတင်းလိုက်သူများ၏ အကြမ်းဖျဉ်းအရေအတွက်နှင့် အဆင့်သတ်မှတ်သည်။

အကောင့် တိုးတက်မှု (%)- အထက်ပါမက်ထရစ်နှင့်မတူဘဲ အသိပေးချက်၏ အချိန်အကန့်အသတ်အတွင်းတွင် စာမျက်နှာ/အကောင့်တစ်ခုစီက ရရှိခဲ့သော သတင်းလိုက်သူများ/နှစ်သက်မှုများ များပြားလာမှု % နှင့် အဆင့်သတ်မှတ်မည်။  (နှစ်သက်မှု/သတင်းလိုက်သူ အသစ်များကို စုစုပေါင်း နှစ်သက်မှု/သတင်းလိုက်သူများနှင့်စားကာ ရာခိုင်နှုန်းပြောင်းသည်)။

ဗီဒီယိုကြည့်ရှုမှုများ- ဤနည်းက အသိပေးချက်အချိန်အကန့်အသတ်အတွင်းတွင် စာမျက်နှာ/အကောင့်တစ်ခုက ရယူနိုင်ခဲ့သော ဗီဒီယိုကြည့်ရှုမှု အရေအတွက်ကိုသာ ဦးဆောင်ဘုတ်အား အာရုံစိုက်စေမည်။

Excel အစီရင်ခံစာ အဖြစ်ပေးပို့ရန်- ဤနည်းကိုပြောင်းလဲရွေးချယ်ခြင်းက အသိပေးချက်ကို .csv ဖိုင်တစ်ခုအဖြစ် ပေးပို့လိမ့်မည်။ သင့်အနေဖြင့် Excel ကဲ့သို့ ပရိုဂရမ်တစ်ခုကို အသုံးပြုနေသည်ဆိုလျှင် အခြားဒေတာအရင်းအမြစ်များနှင့် သင့်ဒေတာကို လွယ်လွယ်ကူကူပေါင်းစည်းစေနိုင်သည်။
​ 

ပျံ့နှံ့မှု သတိပေးချက်

ပျံ့နှံ့မှု သတိပေးချက် နမူနာတစ်ခုကို ကြည့်ရန် ဤနေရာ ကို ကလစ်နှိပ်ပါ။

ပျံ့နှံ့မှု သတိပေးချက်များသည် သတ်မှတ်စာရင်း သို့မဟုတ် သိမ်းဆည်းထားသောရှာဖွေမှုတစ်ခုမှ အကြောင်းအရာသည် တိကျသော စွမ်းဆောင်ရည်ကျော်လွန်သည့် အမှတ်ကို ရောက်ရှိသွားလျှင် လက်တွေ့အချိန်အလိုက် အသိပေးချက်များဖြစ်သည်။ အကြောင်းအရာ ပေါက်မြောက်သွားသည့်အခါ ထိရောက်စွာ အသိပေးခြင်းဖြစ်သည်။

ပျံ့နှံ့မှု သတိပေးချက်များကို မြှင့်တင်ရမည့်အကြောင်းအရာအား ဖော်ထုတ်ရန် သို့မဟုတ် သင့်ပြိုင်ဘက်များစတင်ဖော်ထုတ်နေသည့် ဖွံ့ဖြိုးဆဲစတိုရီများကို စောင့်ကြည့်ရန် အသုံးပြုနိုင်သည်။

ပျံ့နှံ့မှု သတိပေးချက်များကို အောက်ပါနည်းလမ်းများနှင့် စိတ်ကြိုက်ထားရှိနိုင်သည်။

အသိပေးချက်များအတွက် အနည်းဆုံးအမှတ်- ပျံ့နှံ့မှု သတိပေးချက်များသည် စာရင်းသို့မဟုတ် ရှာဖွေမှုများ ဤနေရာတွင် သတ်မှတ်ထားသော စွမ်းဆောင်ရည် ကျော်လွန်သည့် အမှတ်သို့ရောက်သည့်အချိန် ပို့ခြင်းဖြစ်သည်။  ပျံ့နှံ့မှု သတိပေးချက်များကို ပထမဆုံးအကြိမ် စတင်ထည့်သွင်းသည့်အခါ သင့်ဝင်စာဘောက်တွင် သတိပေးချက်များနှင့် ပြည့်နေခြင်းကို ကာကွယ်လိုပါက အမှတ်မြင့်မြင့်မှစတင်ကာ အောက်သို့နိမ့်ဆင်းသွားရန် အကြံပြုလိုပါသည်။

Slack ဖွင့်ခြင်း- သင့်ဒက်ရှ်ဘုတ်တွင် Slack အသိပေးချက်များကို ထည့်သွင်းထားလျှင် (Slack အသိပေးချက်များကို ဤဆောင်းပါးအစတွင် ကြည့်ပါ) ဤခလုတ်ကိုဖွင့်ပြီး တိကျသော Slack ချန်နလ်တစ်ခုသို့ စာတိုပေးပို့ရန် ဤနေရာတွင် Slack ချန်နလ်၏ နာမည်ကိုရိုက်ထည့်ပြီး ပျံ့နှံ့မှု သတိပေးချက်ထားရှိနိုင်သည်။  (နာမည်ရှေ့တွင် # ထည့်သွင်းထားကြောင်း သေချာပါစေ)
​ 

အဆင့်မြင့်ရွေးချယ်စရာများ

ပို့စ်တိုင်းတွင် အသိပေးခံရရန်- သင်အလိုရှိလျှင် စွမ်းဆောင်ရည်ကျော်လွန်သော အမှတ်သတ်မှတ်ချက်ကို ကျော်ပြီး သတိပေးချက်တွင် ပူးတွဲချည်ထားသော စာမျက်နှာ သို့မဟုတ် အကောင့် သို့မဟုတ် စာရင်းတစ်ခုခုမှ ပို့စ်အသစ်တစ်ခုထွက်လာတိုင်း ပျံ့နှံ့မှု သတိပေးချက်ပေးရန် ထားရှိနိုင်သည်။  ဤနည်းက Slack ပေါင်းစည်းမှုကို သင့်အကြောင်းအရာအား ခြေရာခံရန် သုံးသည့်အခါတွင် အသုံးဝင်သည်၊ သို့သော် အီးမေးလ်အသိပေးချက်အဖြစ် သုံးလျှင်မူ လွှမ်းမိုးမှုများနိုင်သည်။

ရုံးပိတ်ရက်တွင် ပို့ခြင်းကို ကျော်ရန်- ပျံ့နှံ့မှု သတိပေးချက်များကို အချိန်ဇယားချထားခြင်း မရှိ- အကြောင်းအရာတစ်ခု သတ်မှတ်စွမ်းဆောင်ရည်အမှတ်ကို ကျော်လွန်တိုင်း ၎င်းတို့ကို ပို့ခြင်းဖြစ်သည်။  သို့သော်လည်း ရုံးပိတ်ရက်အချိန်များအတွင်းတွင် သတိပေးချက်မပို့ရန် သင်ရွေးချယ်နိုင်သည်။  

စိတ်ကြိုက် အကေြာင်းအရာ စာကေြာင်း  ပျံ့နှံ့မှု သတိပေးချက်အားလုံးတွင် မူရင်းအကြောင်းအရာစာကြောင်းတစ်ခုရှိသည်၊ သို့သော် သင်အလိုရှိလျှင် အကြောင်းအရာစာကြောင်းကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။  မည်သည့်သတိပေးချက်များမှ အသိပေးချက်များလာသည်ကို သိနိုင်ရန်အတွက် ဤသို့ ပြုလုပ်ထားရန် အကြံပေးတိုက်တွန်းပါသည်။

ထည့်သွင်းရမည့် ပို့စ်အမျိုးအစားများ-  မူရင်းအနေအထားတွင် ပျံ့နှံ့မှု သတိပေးချက် တစ်ခုသည် မည်သည့်ပို့စ်အမျိုးအစားကိုမဆို ပို့မည်ဖြစ်သော်လည်း သတ်မှတ်အမျိုးအစားတစ်ခုအတွက် ပို့စ်များတွင်သာ ထည့်သွင်းရန်လည်း သင်လုပ်ဆောင်နိုင်သည်။  ၎င်းတွင် တိကျသော ဗီဒီယိုပို့စ်အမျိုးအစားများကို ရွေးချယ်နိုင်ခြင်း သို့မဟုတ် အမှတ်တံဆိပ်ဆိုင်ရာ အကြောင်းအရာကိုသာ မြင်ရရန် (Facebook သို့မဟုတ် ဒက်ရှ်ဘုတ်တစ်ခုတွင်) ရွေးချယ်နိုင်သည်။

အနည်းဆုံး အပြန်အလှန်တုံ့ပြန်မှုများ-  အပြန်အလှန်တုံ့ပြန်မှုများ အနေနှင့်ကြည့်လျှင် သတ်မှတ်အဆင့်သို့ မရောက်သည့် အကြောင်းအရာကို စစ်ထုတ်ပြီးချန်ထားရန် အခွင့်အရေးကို ၎င်းကပေးသည်။ 

စိတ်ကြိုက် အလေးသာမှုများ-  တိကျသော အသိပေးချက်တစ်ခုအတွက် စွမ်းဆောင်ရည်ကျော်လွန်သည့် အမှတ်ကို မည်သို့တွက်ချက်သည်ဆိုသည့်အပေါ် CrowdTangle က သင့်အားထိန်းချုပ်နိုင်စွမ်းပေးထားသည်။  အမှတ်ထည့်တွက်ရာတွင် အချို့သော အပြန်အလှန်တုံ့ပြန်မှုများကို အပြီးဖယ်ရှားရန် ရွေးချယ်နိုင်သလို အချို့သော အပြန်အလှန်တုံ့ပြန်မှုများကို ပို၍အလေးသာစေရန်လည်း ရွေးချယ်နိုင်သည်။  ဤသို့ပြုလုပ်ခြင်းသည် တိကျသော အပြန်အလှန်တုံ့ပြန်မှုတစ်ခု - မှတ်ချက်များ သို့မဟုတ် မျှဝေမှု ကဲ့သို့ အမျိုးအစားတစ်ခုကို ပြုလုပ်စေရာတွင် အထူးသဖြင့် အားကောင်းသည့် အကြောင်းအရာကို လေ့လာလိုသည့် အခြေအနေများတွင် အသုံးဝင်သည်။

စိတ်ကြိုက်အလေးသာမှုများ - Facebook တိုက်ရိုက်လွှင့်မှု - သတိပေးချက်၏ ပို့စ်အမျိုးအစားကို Facebook တိုက်ရိုက်လွှင့်မှု အဖြစ်သတ်မှတ်ထားပါက CrowdTangle မှ ပို့စ်၏ စွမ်းဆောင်ရည်ကျော်လွန်မှုအမှတ်ကို ဗီဒီယိုကြည့်ရှုမှု မက်ထရစ်များ သီးသန့်ဖြင့်သာ ဆုံးဖြတ်ရန် သင်ရွေးချယ်နိုင်သည် - စုစုပေါင်း ကြည့်ရှုမှုများ (မူရင်းပို့စ် နှင့်အတူ မျှဝေမှုများမှ) မှဖြစ်စေ၊ သို့မဟုတ် မူရင်းပို့စ်မှ ကြည့်ရှုမှုများကိုသာ ရေတွက်၍ဖြစ်စေ ဆုံးဖြတ်နိုင်သည်။  ဤရွေးချယ်စရာများကို စိတ်ကြိုက်အလေးသာမှုများ အောက်တွင် ရှာတွေ့နိုင်သည်။
​ 

ညွှန်းပို့မှု သတိပေးချက်

ညွှန်းပို့မှု သတိပေးချက် နမူနာတစ်ခုကို ကြည့်ရန် ဤနေရာ ကို ကလစ်နှိပ်ပါ။

ညွှန်းပို့မှု သတိပေးချက်များဆိုသည်မှာ အကြောင်းအရာအသစ်တစ်ခုသည် ရှိပြီးသား သိမ်းဆည်းထားသော ရှာဖွေမှုတစ်ခုအတွက် စံသတ်မှတ်ချက်များနှင့် ကိုက်ညီနေလျှင် ပေးပို့သော လက်တွေ့အချိန်အလိုက် အသိပေးချက်များဖြစ်သည်။  ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်က သင့်အကြောင်းအရာသို့ လင့်ခ်ချိတ်ဆက်သည့်အခါ သင့်ကိုအသိပေးရန် ၎င်းတို့ကို သုံးခြင်းဖြစ်သည်။

ဤရည်ရွယ်ချက်အတွက် ညွှန်းပို့မှု သတိပေးချက်ကို သုံးရန် ပထမဦးစွာ သင့်ထုတ်ပြန်မှု၏ ဘေ့စ် URL အတွက် သိမ်းဆည်းထားသောရှာဖွေမှုတစ်ခု ဖန်တီးရမည်ဖြစ်သည်။ ထို့နောက်တွင် ရှာဖွေမှုမှ သင့်ကိုယ်ပိုင် စာမျက်နှာများ/ အကောင့်များ စာရင်းကို ချန်လှန်ခဲ့ပါ။ သင့်ကိုယ်ပိုင်ထက် အခြားအရင်းအမြစ်များမှ အကြောင်းအရာကိုသာ ဖော်ထုတ်ခြင်းဖြစ်ကြောင်း သေချာရန်ဖြစ်သည်။

ရှာဖွေမှုကို သိမ်းဆည်းပြီးလျှင် CrowdTangle ဒေတာဘေ့စ်တွင် စာမျက်နှာ သို့မဟုတ် အကောင့်တစ်ခုက သင့်အကြောင်းအရာကို လင့်ခ်ချိတ်ဆက်သည့်အခါ အသိပေးခံရနိုင်အောင် ညွှန်းပို့မှု သတိပေးချက်သို့ ထည့်သွင်းနိုင်ပြီဖြစ်သည်။  

ဤအသိပေးချက်ကို ထပ်မံစိတ်ကြိုက်ပြင်ဆင်နိုင်သည့် နည်းလမ်းအနည်းငယ်ရှိပါသည်-

Slack ဖွင့်ခြင်း-  သင့်ဒက်ရှ်ဘုတ်တွင် Slack အသိပေးချက်များကို ထည့်သွင်းထားလျှင် (Slack အသိပေးချက်များကို ဤဆောင်းပါးအစတွင် ကြည့်ပါ) ဤခလုတ်ကိုဖွင့်ပြီး တိကျသော Slack ချန်နလ်တစ်ခုသို့ စာတိုပေးပို့ရန် ဤနေရာတွင် Slack ချန်နလ်၏ နာမည်ကိုရိုက်ထည့်ပြီး ညွှန်းပို့မှု သတိပေးချက်ထားရှိနိုင်သည်။  (နာမည်ရှေ့တွင် # ထည့်သွင်းထားကြောင်း သေချာပါစေ)

စာမျက်နှာ နှစ်သက်မှုများ သတ်မှတ်အဆင့်-  ဤနယ်ပယ်ကိုသုံးပြီး သတင်းလိုက်သူ/နှစ်သက်မှု အနည်းဆုံးအရေအတွက်မရှိသော စာမျက်နှာများ သို့မဟုတ် အကောင့်များကို CrowdTangle မှ ထည့်မတွက်ရန် လုပ်နိုင်သည်။ ဤသည်က အကျိုးသက်ရောက်မှုရှိနိုင်သော အကြောင်းအရာများကိုပိုင်ဆိုင်သည့် လွှမ်းမိုးသူများကို အာရုံစိုက်စေနိုင်သည်။

ရုံးပိတ်ရက်တွင် ပို့ခြင်းကို ကျော်ရန်- ညွှန်းပို့မှု သတိပေးချက်များကို အချိန်ဇယားချထားခြင်း မရှိ- အကြောင်းအရာတစ်ခု သတ်မှတ်စွမ်းဆောင်ရည်အမှတ်ကို ကျော်လွန်တိုင်း ၎င်းတို့ကို ပို့ခြင်းဖြစ်သည်။  သို့သော်လည်း ရုံးပိတ်ရက်အချိန်များအတွင်းတွင် သတိပေးချက်မပို့ရန် သင်ရွေးချယ်နိုင်သည်။  


မေးခွန်းတွေရှိလား။ တုံ့ပြန်အကြံပြုချက်ရှိလား။ support@crowdtangle.com ကို အီးမေးလ်ပို့ပါ။

Did this answer your question?