All Collections
Burmese
တိုက်ရိုက်ပြသမှုများကို ဖန်တီးရန် နှင့် ပြင်ဆင်တည်းဖြတ်ရန် နည်းလမ်း
တိုက်ရိုက်ပြသမှုများကို ဖန်တီးရန် နှင့် ပြင်ဆင်တည်းဖြတ်ရန် နည်းလမ်း
T
Written by Tess
Updated over a week ago

တိုက်ရိုက်ပြသမှုများဆိုသည်မှာ အဘယ်နည်း။

တိုက်ရိုက်ပြသမှုများသည် အမြင်အားဖြင့် စွဲဆောင်မှုရှိသော၊ ရွေးချယ်ထားသော ပိုစ့်ရေစီးကြောင်း၏ လက်တွေ့အချိန်အလိုက် ကြည့်မှုများဖြစ်ပြီး ပလက်ဖောင်းလေးခုလုံးကို ကျော်ဖြတ်၍ သင်၏မည်သည့်ဒက်ရှ်ဘုတ်မှမဆို ဆွဲယူထားသော  Leaderboards နှင့် ရေပန်းစားသည့် ခေါင်းစဉ်များဖြစ်သည်။  ဤကြည့်ရှုမှုများကို တစ်ကိုယ်ရည်သုံး ကွန်ပျူတာပေါ်တင်သုံးနိုင်သလို မော်နီတာ/တီဗီ မျက်နှာပြင်ပေါ်တင်ပြီး သင့်အသင်းနှင့်လည်း မျှဝေနိုင်သည်။


“ကျွန်တော်တို့ရဲ့ တိုက်ရိုက်ပြသမှုက လူမှုအသင်းအဖွဲ့တစ်ခုလုံးအတွက် အရေးပါတဲ့ ဒက်ရှ်ဘုတ်တစ်ခုပဲဖြစ်တယ်။ ယှဉ်ပြိုင်မှုများတဲ့ အခင်းအကျင်းကို လက်တွေ့အချိန်လိုက် ကြည့်ဖို့ရာ ဒီထက်ပိုမြန်တဲ့ နည်းလမ်းမရှိတော့ဘူး။”

-Jason Ehrich၊ SVP၊ ပရိသတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိတ်ဖက်ရေးရာများ၊ Fox News/Fox Business

 

တိုက်ရိုက်ပြသမှုများကို အဘယ်ကြောင့် သုံးရသနည်း။

  • ဆုချီးမြှင့်ပွဲများ၊ အားကစားပွဲစဉ်များ သို့မဟုတ် ရွေးကောက်ပွဲများ ကဲ့သို့သော တိုက်ရိုက်ပြသမှုများကို ခြေရာခံရန်

  • လက်တွေ့အချိန်အလိုက် သင့်လှုပ်ရှားမှုကို ခြေရာခံရန်

  • သင်နှင့်နှီးနွယ်သူများ သို့မဟုတ် ပြိုင်ဘက်များ၏Leaderboards နှင့် ရေပန်းစားသည့် ပို့စ်များကို သင့်ရုံးတွင် စခရင်န်အကြီးပေါ်၌ တင်ရန်

 

မကြာသေးသော အပ်ဒိတ်များ

ကျွန်ုပ်တို့၏တိုက်ရိုက်ပြသမှု ပြက္ခဒိန် ကို ပုံမှန်စစ်ဆေးပါ - အများပြည်သူနှင့်ဆိုင်သော တိုက်ရိုက်ပြသမှုများ ကြည့်ရှုရနိုင်ပြီဆိုသည်နှင့် ကျွန်ုပ်တို့က စာရင်းထဲထည့်မည်ဖြစ်သည်။
​ 

၄/၃/၂၀၁၈ တိုက်ရိုက်ပြသမှုများကို ယခု CrowdTangle ရှိ သင့်စခရင်န်ထိပ်တွင် လမ်းကြောင်းပြမီနူးကို သုံးပြီး ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။

တိုက်ရိုက်ပြသမှုများကို မည်ကဲ့သို့ သုံးရမည်နည်း။

“DPA မှာ ဘရောင်ဇာတဘ်တ်စခုတည်းမှာတင် လူမှုကွန်ရက် မီဒီယာပလက်ဖောင်းတွေအတွဲလိုက်ကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ Crowdtangle တိုက်ရိုက်ပြသတာတွေကို သုံးပါတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာ နေ့စဉ်အချိန်ဇယားမှာရော အဓိကသတင်းပွဲစဉ်တွေမှာပါ အလျင်အမြန် သိနိုင်ဖို့ ဒါက နားလည်ရလွယ်ပြီး ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဥပမာပြောရရင် ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်၊ နယ်သာလန်က ရွေးေကာက်ပွဲတွေ၊ ဆောင်းရာသီး အိုလံပစ် ၂၀၁၈၊ အကယ်ဒမီဆုပေးပွဲတွေ၊ ဟမ်းဘာ့ဂ်က G20 ညီလာခံ... ခေါင်းစဉ်ကဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စေ့စပ်တဲ့တိုက်ရိုက်ပြသမှုတွေကို ဖန်တီးခဲ့ကြတယ်။ CrowdTangle နှင့်ဆိုရင် ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက်တွေကို စိတ်တိုင်းကျပြုလုပ်ထားတဲ့ အသုံးပြုရလွယ်ကူတဲ့ လူမှုရေး စောင့်ကြည့်မှုတွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။ ရွေးကောက်ပွဲတစ်ခုအပြီး ပထမဆုံးနိုင်ငံရေးတုံ့ပြန်ချက်တွေပဲ ဖြစ်ဖြစ်၊ အိုလံပစ်သမားတစ်ယောက်ရဲ့ နာမည်ကျော်ဗီဒီယိုပဲ ဖြစ်ဖြစ် CrowdTangle က ကျွန်တော်တို့အချိန်တိုင်းမှာ သတင်းတွေအားလုံးထိပ်နေနိုင်ဖို့ အသုံးဝင်တဲ့ဖြည့်စွက်ချက်တစ်ခုဆိုတာ သက်သေပြပြီးသွားပါပြီ။

-Christopher Weckworth၊ Deutsche Presse-Agentur အယ်ဒီတာ

အဆင့် ၁- တိုက်ရိုက်ပြသမှုကို ဖန်တီးရန်

သင့်စခရင်န်ထိပ်ဆုံးရှိ “တိုက်ရိုက်ပြသမှုများ” အကွက် ကို ကလစ်နှိပ်ပြီး “တိုက်ရိုက်ပြသမှု အသစ် ဖန်တီးရန်” ကို ရွေးပါ။
​ 

ထို့နောက်တွင် သင့်တိုက်ရိုက်ပြသမှုကို အမည်ပေးရန် တောင်းဆိုလိမ့်မည် - နောင်တွင် သင်နှင့်သင့်အသင်းတို့ လွယ်ကူစွာ ရှာနိုင်မည့်အမည်ကို ပေးပါ။  
​ 

အဆင့် ၂- သင့်တိုက်ရိုက်ပြသမှု ကော်လံများကို ဖန်တီးရန်

သင့်တိုက်ရိုက်ပြသမှုသည် ကော်လံများနှင့် အချက်အလက်များကို အမျိုးအစားခွဲသည်။ သင်ဖန်တီးနိုင်သော ကော်လံအရေအတွက် အကန့်သတ်မရှိပါ။ သို့သော် သင့်အနေဖြင့် ဤအရာကို တီဗီတွင်ပြမည်ဆိုလျှင် အနည်းဆုံး ၄ ကော်လံမှသာ ကောင်းမွန်စွာဆန့်နိုင်မည်ဖြစ်သည်။  
​ 

ကော်လံတစ်ခုစီအတွက် “အသစ်ဖန်တီးရန်” ကို ကလစ်နှိပ်ပါ။  ထိုနေရာတွင် သင်ရွေးချယ်မှု လေးခု ပြုလုပ်နိုင်သည်။ ပို့စ်များ၊ Leaderboards၊ ရေပန်းစားသည့် ခေါင်းစဉ်များနှင့် လွန်ခဲ့သောတစ်နှစ်က။
​ 

 
ပို့စ်များ-  ဤနည်းက သင်၏မည်သည့်ဒက်ရှ်ဘုတ်တွင်မဆို မည်သည့် စာရင်း သို့မဟုတ် သိမ်းဆည်းထားသောရှာဖွေမှု မှမဆို ပို့စ်ရေစီးကြောင်းတစ်ခုကို ဆွဲယူပေးမည်ဖြစ်သည်။  သင့် စာရင်း သို့မဟုတ် သိမ်းဆည်းထားသော ရှာဖွေမှု ကို ရွေးပြီးသည်နှင့် ပို့စ်ရေစီးကြောင်းကို စိတ်ကြိုက်ပြုပြင်ရန် ကော်လံ၏ ဂီယာအိုင်ကွန်ကို ကလစ်နှိပ်နိုင်သည်။

 

Leaderboards -  ဤနည်းက သင်၏မည်သည့်ဒက်ရှ်ဘုတ်မှမဆို ရွေးချယ်လိုက်သော မည်သည့်ဦးဆောင်ဘုတ် ကိုမဆို ထည့်သွင်းပေးလိမ့်မည်။  မိတ်ဖက်များသည် များသောအားဖြင့် နှီးနွယ်သူ Leaderboard သို့မဟုတ် ယှဉ်ပြိုင်ဘက် Leaderboardတစ်ခုကို ရွေးကြသည်။  ဂီယာအိုင်ကွန်ကို ကလစ်နှိပ်လိုက်လျှင် Leaderboard ၏ အချိန်အကန့်အသတ်၊ သင်ကြည့်လိုသော ပို့စ်များ/တွီးတ်များ၏ အမျိုးအစား၊ ဇယားတစ်ခု သင်ကြည့်လို မကြည့်လို- Facebook အတွက်ဆိုလျှင် ဦးဆောင်ဘုတ်များ- စသည်ဖြင့် မိမိစိတ်ကြိုက်လုပ်နိုင်ပြီး ဗီဒီယိုကြည့်ရှုမှုများကို တွေ့ရန်လည်း ရွေးချယ်နိုင်သည်။
​ 

ရေပန်းစားနေသော ခေါင်းစဉ်များ- သင့်အနေဖြင့် Facebook သို့မဟုတ် Google ကို သင်၏ ရေပန်းစားနေသောခေါင်းစဉ်များ၏ အရင်းအမြစ်အဖြစ် ရွေးနိုင်သည်။  တစ်ခုကို ရွေးချယ်ပြီးသည်နှင့် ဂီယာအိုင်ကွန်ကို ကလစ်နှိပ်ပြီး သတ်မှတ်ဒေါင့်ဖြတ်မျဉ်းတစ်ခုအပေါ် အာရုံစိုက်ရန် တိုက်ရိုက်ပြသမှုကို ပြောနိုင်မည်ဖြစ်သည်။

 
လွန်ခဲ့သော တစ်နှစ်က- ဤနည်းသည် Post နှင့် ဆင်တူသည်၊ သို့သော် လွန်ခဲ့သော တစ်နှစ်အရင်က ပို့စ်များကို အထူးသဖြင့် ပြသမည်ဖြစ်သည်။  မိတ်ဖက်များသည် သတင်းစက်ဝန်းကို နှိုင်းယှဉ်ရန်၊ လွန်ခဲ့သောနှစ်အတွင်း ၎င်းတို့၏ ပို့စ်တင်သည့်ဗျူဟာတွင် ပြောင်းလဲခြင်းရှိမရှိ လေ့လာရန် ဤနည်းကို မကြာခဏ သုံးကြသည်။
​ 
​ 

အဆင့် ၃- တိုက်ရိုက်ပြသမှုကို စိတ်ကြိုက်ဖန်တီးရန်

သင့်တိုက်ရိုက်ပြသမှုကို ထပ်မံစိတ်ကြိုက်ဖန်တီးရန် သင့်စခရင်န်၏ ညာဘက်အပေါ်ရှိ ဂီယာအိုင်ကွန်ပေါ်တွင် ကလစ်နှိပ်ပါ။
​ 

ရွေးချယ်စရာများကို သင်တွေ့ရလိမ့်မည်။
​ 

 
တိုက်ရိုက်ပြသမှု အမည်/URL-
 တိုက်ရိုက်ပြသမှု အမည်ကိုစိတ်ကြိုက်ဖန်တီးခြင်းက ၎င်း၏ URL ကိုလည်းစိတ်ကြိုက်ဖန်တီးပြီးဖြစ်မည်။  သင်၏တိုက်ရိုက်ပြသမှုအတွက် URL သည် တိုက်ရိုက်ပြသမှု၏ အမည်အဆုံးတွင် (နေရာလွတ်များတစ်ခုမျှမပါဘဲ ) အဆုံးသတ်လိမ့်မည်။  ထို့ကြောင့် တိုက်ရိုက်ပြသမှု၏ အမည်က “ပွဲစဉ်တိုက်ရိုက်ပြသမှု”ဆိုလျှင် URL သည် /ပွဲစဉ်တိုက်ရိုက်ပြသမှု ဟူ၍အဆုံးသတ်လိမ့်မည်။  “သိမ်းဆည်ပြီး ပြန်လည်ညွှန်းပို့ရန်” ကို ကလစ်နှိပ်ခြင်းက သင့်တိုက်ရိုက်ပြသမှုအမည်တွင် ပြောင်းလဲမှုများအားလုံးကို သိမ်းဆည်းပေးမည်ဖြစ်ပြီး ၎င်း၏ URL အသစ်နှင့် သင့်ဘရောင်ဇာတွင် တိုက်ရိုက်ပြသမှုကို ပြန်လည်ဖွင့်ပေးလိမ့်မည်။
​ 

အများကြည့်ရှုနိုင်သည့် တိုက်ရိုက်ပြသမှု-  ဤနည်းကို ရွေးထားလျှင် (အပြာရောင်) တိုက်ရိုက်ပြသမှု URL နှင့် အသုံးပြုသူသည် တိုက်ရိုက်ပြသမှုကို ဝင်ရောက်အသုံးပြုနိုင်မည်။  ထိုသို့မဟုတ်လျှင် CrowdTangle အတွင်းမှသာ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။
​ 

တချ်စခရင်န်  ဤသည်ကိုရွေးချယ်ထားလျှင် (အပြာရောင်) သင့်တိုက်ရိုက်ပြသမှုသည် တပ်ချ်စခရင်န်ပါသည့် ပစ္စည်းများနှင့် ကိုက်ညီမှုရှိမည်ဖြစ်သည်။
​ 

အနက်ရောင်ကြားခံမျက်နှာပြင်-  တိုက်ရိုက်ပြသမှုများသည် အဖြူရောင်ကြားခံမျက်နှာပြင် မူရင်းဖြစ်သော်လည်း အနက်ရောင်ကြားခံမျက်နှာပြင်ကိုလည်း အသုံးပြုနိုင်သည်။  မိတ်ဖက်အများစုသည် ဤကြားခံမျက်နှာပြင်ကို ပို၍နှစ်သက်ကြသည်။  အောက်တွင် ထိုနှစ်ခုကို တစ်ဖက်တစ်ချက်တွင် ယှဉ်ပြထားသည်။
​ 

 
တီဗီဗားရှင်း (၁၆-၉) ကို ဖွင့်ရန်-  ဤလင့်ခ်ကိုကလစ်နှိပ်လျှင် တိုက်ရိုက်ပြသမှုကို ၁၆-၉ မြင်ကွင်းအချိုးဖြင့် ဖွင့်ပေးလိမ့်မည်။  တိုက်ရိုက်ပြသမှုကို အများနှင့်သက်ဆိုင်သော သို့မဟုတ် မော်နီတာတွင် တင်ပြရန်စီစဉ်နေသည်ဆိုလျှင် ဤနည်းနှင့်ကိုက်ညီသည်။  
​ 

 အမေးများသော မေးခွန်းများ

Q:  တိုက်ရိုက်ပြသမှုတစ်ခုကို မည်သို့ဖျက်ရမည်နည်း။

A:  သင့်အကောင့်အပ်ဒ်မင် သို့မဟုတ် CrowdTangle အထောက်အကူကို support@crowdtangle.com တွင်ဆက်သွယ်ပြီး ၎င်းကိုဖျက်ပေးရန် တောင်းဆိုပါ။ သင်ကအကောင့်အပ်ဒ်မင်ဆိုလျှင် တိုက်ရိုက်ပြသမှုတစ်ခုကို သင်ဖျက်နိုင်သော တိုက်ရိုက်ပြသမှုဆက်ရှင်တစ်ခု သင့်အကောင့်ဆက်တင်တွင်ရှိသည်။

Q: တိုက်ရိုက်ပြသမှု ကော်လံများကို မည်သို့ကျုံ့အောင်လုပ်ရမည်နည်း။

A: ထိုသို့ပြုလုပ်ရန် နည်းလမ်းနှစ်ခုရှိသည်။  ပထမဦးစွာ သင့်ဘရောင်ဇာတွင် မြင်ကွင်းကျုံ့ပါ။  ထိုသို့လုပ်လျှင် စာမျက်နှာပေါ်တွင် ကော်လံများ ပို၍ဆန့်နိုင်သည်။  တိုက်ရိုက်ပြသမှုအတွက် ဂီယာအိုင်ကွန် ( ညာဘက်အပေါ်ထောင့်ရှိ) ကို ကလစ်နှိပ်ပြီး “တီဗီဗားရှင်း (၁၆-၉) ကိုဖွင့်ရန်” ကိုနှိပ်ခြင်းဖြင့် တီဗီစနစ်သို့လည်း သင်သွားနိုင်သည်။

Q: ပို့စ်ရေစီးကြောင်းဆက်တင်များတွင် “ဟော့တ်ဖြစ်သော" က အဘယ်အရာကို ဆိုလိုသနည်း။

A:  ပို့စ်ရေစီးကြောင်း ကော်လံတွင် ဆက်တင်များအတွက် "ဟော့တ်ဖြစ်သော" ကိုရွေးထားလျှင် CrowdTangle သည် မကြာခင်က စွမ်းဆောင်ရည်အလွန်ကောင်းလာသော ပို့စ်များကို ဦးစားပေးဖော်ပြလိမ့်မည်။  ၎င်းသည် အများဆုံး စွမ်းဆောင်ရည်ကျော်လွန်ခဲ့သော ပို့စ်များကိုဦးစားပေးသည့် “စွမ်းဆောင်ရည်ကျော်လွန်သော” ကို ရွေးခြင်းနှင့် မတူညီပါ။


မေးခွန်းတွေရှိလား။ တုန့်ပြန်အကြံပြုချက်ရှိလား။ support@crowdtangle.com ကို အီးမေးလ်ပို့ပါ။

Did this answer your question?