All Collections
Burmese
Intelligence ကိုအသုံးပြုနည်း
Intelligence ကိုအသုံးပြုနည်း

Intelligence က မီဒီယာသမားတွေကို အချိန်နှင့်အလိုက် လူမှုကွန်ရက်ချန်နယ်တစ်ခုရဲ့ စွမ်းဆောင်ရည်ကိုကြည့်ဖို့ မြန်ဆန်တဲ့နည်းလမ်းတစ်ခု ပေးပေးပါတယ်၊

T
Written by Tess
Updated over a week ago

Intelligence ဆိုသည်မှာ အဘယ်နည်း။

Intelligence ဖြင့် အချိန်အလိုက် စွမ်းဆောင်မှု ရေစီးကြောင်းများကို ကြည့်ရန် စာရင်းများ သို့မဟုတ် တစ်ဦးချင်း၏ လူမှုအကောင့် စာမျက်နှာများ၊ အကောင့်များ၊ သို့မဟုတ် Reddit နှီးနှောဖလှယ်ပွဲများ 20 ခုအထိကို နားလည်လွယ်ရလွယ်သော ဇယားများ၊ ပုံစံကားချပ်များနှင့်အတူ လေ့လာနိုင်သည်။ ဇယားများ သို့မဟုတ် အကောင့်များကို အချင်းချင်း အမြန်နှိုင်းယှဉ်ကြည့်နိုင်ပြီး အားလုံးကို PDF သို့မဟုတ် CSV အဖြစ် လွှဲပြောင်းပို့နိုင်သည်။ 

“Intelligence ကိုအသုံးပြုပြီး ပြိုင်ဘက်များ၏ လူမှုကွန်ရက် ဗျူဟာများကို ရှင်းလင်းစွာမြင်နိုင်သည်၊ ထို့နောက် မိမိတို့၏ဗျူဟာများကို မည်သို့လိုက်လျောညီထွေပြင်ဆင်ရမည်ကို နည်းလမ်းရှာနိုင်သည်။”

Antoine Clauzel၊ Webedia Brazil အတွက် လူမှုကွန်ရက်မီဒီယာ ဒါရိုက်တာ

Intelligence ကို အဘယ်ကြောင့် အသုံးပြုရမည်နည်း။

  • သင့်ကိုယ်ပိုင် အကောင့်များ သို့မဟုတ် စာမျက်နှာများ၏ အချိန်အတိုင်းအတာတစ်ခုအတွင်း စွမ်းဆောင်နိုင်မှု ရေစီးကြောင်းများကို ခြေရာခံလိုလျှင်

  • သတ်မှတ် သတင်းစက်ဝန်း သို့မဟုတ် အခြားအချိန်အပိုင်းအခြားအတွင်း သင့်စွမ်းဆောင်ရည်ကို သင့်ပြိုင်ဘက်၏စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်လိုလျှင်

  • မတူညီသော အချိန်မှတ်များတွင် စာမျက်နှာများ သို့မဟုတ် အကောင့်များ၏ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်လိုလျှင် ( ရုပ်ရှင်အဓိက စာမျက်နှာများအတွက် မတူညီသောလများတွင် ထုတ်ပြန်ခဲ့သည့် ထုတ်လွှင့်ပြီး စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ခြင်း ဖြစ်သည် )

  • သတ်မှတ်ထားသော အချိန်မှတ်တစ်ခုတွင် မည်သည့်အကြောင်းအရာက စွမ်းဆောင်ရည်အမြင့်ဆုံး ဖြစ်ကြောင်း ဆုံးဖြတ်လိုလျှင်

 

မကြာသေးသော အပ်ဒိတ်များ

ဒီဇင်ဘာလ ၂၀၁၈ - စာမျက်နှာများ၊ အကောင့်များကို Intelligence ဒက်ရှ်ဘုတ်၏ စာရင်းများတွင် ထည့်သွင်းရန် မလိုတော့ပါ။  မှတ်ရန်- အတည်ပြုပြီး ကိုယ်ရေးမှတ်တမ်းများကို Intelligence တွင် ပေါ်မလာခင် စာရင်းတစ်ခုတွင် ဦးစွာထည့်သွင်းရန် လိုအပ်သည်။

ဇွန်လ ၂၀၁၈ - ယခုအခါ Intelligence ဇယားတွင် စာရင်းများ တစ်ခုလုံးကို ထည့်သွင်းပြီး စာရင်း ရှိ အကောင့်များနှင့် စာမျက်နှာများ၏ စုပေါင်းစွမ်းဆောင်ရည်ကို လေ့လာရန် Intelligence ကခွင့်ပြုပြီဖြစ်သည်။

ဇန်နဝါရီ ၂၀၁၈- အချိန်မှတ်အများအပြားတွင် စာမျက်နှာများနှင့် အကောင့်များ၏ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ရန် Intelligence ကခွင့်ပြုပြီဖြစ်သည်။

ဖေဖော်ဝါရီ ၂၀၁၈- ယခု Intelligence က ဇယားအများအပြားကို တစ်ချိန်တည်းတွင် လွှဲပြောင်းပို့နိုင်ပြီဖြစ်သည်။

Intelligence ကို မည်သို့သုံးရမည်နည်း။

Intelligence ကို အသုံးပြုခြင်း

သင့် CrowdTangle အကောင့်၏ထိပ်ဆုံးရှိ "Intelligence" အောက်တွဲစာသား အောက်ရှိ "Intelligence သို့သွားရန်" ကို ကလစ်နှိပ်ခြင်းဖြင့် Intelligence ကို ဝင်ရောက်အသုံးပြုနိုင်သည်။ 

စာမျက်နှာများ၊ အကောင့်များ သို့မဟုတ် Reddit နှီးနှောဖလှယ်ပွဲများကို ဉာဏ်ရည်ဇယားသို့ ထည့်သွင်းခြင်း

မည်သည့် ဒက်ရှ်ဘုတ်မှ သင်ဝင်သည်ဖြစ်စေ၊ Intelligence သည် Facebook၊ Instagram၊ Twitter နှင့် Reddit တို့မှ ဒေတာများ ဆွဲယူနိုင်သည်။  

သင့် Intelligence ဇယားသည် စာရင်းများ၊ စာမျက်နှာများ၊ အကောင့်များ၊ သို့မဟုတ် Reddit နှီးနှောဖလှယ်ပွဲများ ၁၀ ခုအထိ အချက်အလက်များ ပေးနိုင်သည်။ သို့သော် သင်က တစ်ကြိမ်တွင် ပလက်ဖောင်းတစ်ခုမှ ဒေတာကိုသာ ဆွဲယူနိုင်သည်။ ဇယားတစ်ခုတည်းတွင် Facebook စာမျက်နှာနှင့် Instagram အကောင့်မှ ဒေတာများ မကြည့်နိုင်ပါ။

Intelligence ဇယားသို့ မည်သည့် စာမျက်နှာ၊ အကောင့်၊ အုပ်စု သို့မဟုတ် သတင်းဆောင်းပါးမဆို သင်တိုက်ရိုက်ထည့်သွင်းနိုင်သည်။ သို့သော် Facebook အတည်ပြုပြီး ကိုယ်ရေးမှတ်တမ်းအတွက် ဒေတာကို ကြည့််ချင်လျှင် သင့်ဒက်ရှ်ဘုတ်တစ်ခုခုရှိ စာရင်းများ တွင် ထိုကိုယ်ရေးမှတ်တမ်းကို ထည့်သွင်းထားကြောင်း သေချာရန်စစ်ဆေးဖို့လိုမည်။

CrowdTangle ဒေတာဘေ့စ်တွင် နဂိုကမရှိထားသော စာမျက်နှာ၊ အုပ်စု သို့မဟုတ် အကောင့်ကို ထည့်သွင်းခြင်းဖြစ်လျှင် စနစ်မှ ရာဇဝင်မှတ်တမ်း ဒေတာများဆွဲယူရန် အချိန်အချို့ကြာနိုင်သည်။  မကြာသေးခင်က ဒေတာများကို သင်ချက်ချင်းမြင်ရနိုင်သည်၊ သို့သော် ကျန်ဒေတာများဆွဲယူရန် တစ်နာရီခန့်ကြာနိုင်သည်။ သတင်းလိုက်သူ အရေအတွက် သို့မဟုတ် စာမျက်နှာနှစ်သက်မှုများ၏ ရာဇဝင်မှတ်တမ်း ဒေတာများကိုလည်း CrowdTangle က မဆွဲယူနိုင်ပါ။  သို့သော်လည်း ဒေတာဘေ့စ်သို့ ထည့်သွင်းသည့် ပထမနေ့မှစ၍ နောက်ပိုင်းတွင် စာမျက်နှာနှစ်သက်မှုများ/ သတင်းလိုက်သူအရေအတွက် တိုးပွားမှု စသည်တို့ကို CrowdTangle က ပြနိုင်လိမ့်မည်။

 

Intelligence က ခြေရာခံသည်မှာ- ခြုံငုံသုံးသပ်ချက်

အချို့သော အပြန်အလှန်တုံ့ပြန်မှုများ၊ ဗီဒီယိုကြည့်ရှုမှုများ၊ တုံ့ပြန်မှုနှုန်း၊ ပို့စ်အရေအတွက်၊ စာမျက်နှာနှစ်သက်မှုများ/ အကောင့်သတင်းလိုက်သူများ စသည်တို့နှင့်ပတ်သက်သော စာမျက်နှာ/အကောင့်/သတင်းဆောင်းပါး အဆင့် အချက်အလက်များကို Intelligence က သင့်အားပြသနိုင်သည်။  အခြားနည်းဖြင့်ဆိုလျှင် စာရင်းများ တစ်ခုလုံး၏ စွမ်းဆောင်ရည်နှင့်ပတ်သက်သော တူညီသည့် အချက်အလက်ကို သင်ရနိုင်သည်။

Intelligence ဇယားတွင် အမှတ်တစ်ခုခုအပေါ် ကလစ်နှိပ်ခြင်းဖြင့် အပြန်အလှန်တုံ့ပြန်မှု အများဆုံးရထားသော ပို့စ်များကို ရှာဖွေပေးလိမ့်မည်။

အချို့သော အရာများကို အာရုံစိုက်နိုင်ရန် Intelligence ဇယား၏ညာဘက်တွင် စစ်ထုတ်မှုအများအပြားရှိပါသည်။

  • ပို့စ် အမျိုးအစား-  သတ်မှတ်ပို့စ်အမျိုးအစားအလိုက် သင့်ဒေတာကို ချုံ့ကြည့်စေနိုင်သည်

  • အပြန်အလှန်တုံ့ပြန်မှု အမျိုးအစား- အဓိကအပြန်အလှန်တုံ့ပြန်မှု အမျိုးအစားများ၏ ရေစီးကြောင်းများကို အာရုံစိုက်စေနိုင်သည်

  • ဒေတာအပိုင်းအခြား- ဒေတာအပိုင်းအခြား တစ်ခုတည်းကို ရွေးနိုင်သည် သို့မဟုတ် ဒေတာအပိုင်းအခြားအများအပြားကို ရွေးရန် ရက်စွဲနှိုင်းယှဉ်ကိရိယာကို သုံးနိုင်သည်။

  • အုပ်စုဖွဲ့သောနည်း- ဒေတာများကို သတ်မှတ်အချိန် ကြားဖြတ်များနှင့် ကြည့်ရှုစေနိုင်သည်။

လွှဲပြောင်းပို့ခြင်း၊ မျှဝေခြင်း၊ Intelligence ဒေတာကို သိမ်းခြင်း

ဒေတာများကို အခြားသူများအား အလွယ်တကူတင်ပြနိုင်ရန် Intelligence ဇယားများကို PDF သို့မဟုတ် CSV များအဖြစ် လွှဲပြောင်းပို့နိုင်သည်။

အစီရင်ခံစာကိုမျှဝေခြင်း ဝန်ဆောင်မှုကိုသုံးခြင်းက မည်သူ့ကိုမဆို ထိုအစီရင်ခံစာကို ကြည့်ရှုရန် သင့်ဒက်ရှ်ဘုတ်သို့ ဝင်ရောက်အသုံးပြုခွင့်ပေးသော URL တစ်ခုကို ထုတ်ပေးလိမ့်မည်။  အစီရင်ခံစာများကို နောင်တစ်ချိန်မှ ပြန်လာကြည့်ရန်လည်း သိမ်းထားနိုင်သည်။

အစီရင်ခံစာတစ်ခုကို နောင်ရက်စွဲတစ်ခုတွင်မှ ပြန်လာကြည့်ရန် သိမ်းခြင်းကို ရွေးချယ်နိုင်သည် - လစဉ်အစီရင်ခံခြင်း သို့မဟုတ် လုပ်ဆောင်မှုသုံးသပ်ချက်များအတွက် အသုံးဝင်သည်။  ထိုသို့ပြုလုပ်ရန် စာမျက်နှာ၏ထိပ်ဆုံးရှိ Intelligence ဇယားမှ စာအမှတ်အသားအိုင်ကွန်ကို ကလစ်နှိပ်နိုင်သည်။

အစီရင်ခံစာအသစ်တစ်ခုကို ဖန်တီးရန် "ရှာဖွေရန် သို့မဟုတ် အစီရင်ခံစာ ဖန်တီးရန်" ဆိုသည့် စာသားအကွက်ထဲတွင် အမည်တစ်ခုဖန်တီးပါ၊ ထို့နောက် "ဖန်တီးရန်" ကို ကလစ်နှိပ်ပါ။  နောင်တွင် သင်သိမ်းထားသော အစီရင်ခံစာများကို စာအမှတ်အသားအိုင်ကွန်မှဖြစ်စေ သို့မဟုတ် စာမျက်နှာထိပ်ဆုံးရှိ Intelligence အောက်တွဲမီနူးပါ စာအမှတ်အသားအိုင်ကွန်မှဖြစ်စေ ဝင်ရောက်ကြည့်ရှုခွင့်ရတော့မည်ဖြစ်သည်။
​ 

ရက်စွဲနှိုင်းယှဉ်မှုများ

"“Intelligence က စာမျက်နှာများ ရရှိနေတဲ့စိတ်ဝင်စားမှု အမျိုးအစားတွေကို နားလည်ဖို့ စာမျက်နှာတွေတစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ကြည့်ရဖို့ တကယ်အကူအညီဖြစ်စေပါတယ်။ ကျွန်တော်လည်း ဒေတာတွေဒေါင်းလုတ်လုပ်ပြီး အဲ့ဒီနည်းနဲ့ စီစစ်မှုတွေ ထပ်မံလုပ်ခဲ့ပါတယ်။”

Craig Silverman၊ Buzzfeed ၏ မီဒီယာအယ်ဒီတာ

Intelligence ဇယားများကို  စာရင်းများ တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ရန် သို့မဟုတ် သတ်မှတ် စာမျက်နှာ၊ အုပ်စု၊ အကောင့်၊ သတင်းဆောင်းပါးများကို အချိန်မှတ် နှစ်ခု (သို့မဟုတ် နှစ်ခုထက်ပို၍) အတွက် နှိုင်းယှဥ်ရန် ချိန်ညှိနိုင်ပါသည်။  အကယ်၍ Intelligence ဇယားတွင် စာရင်း၊ စာမျက်နှာ၊ အကောင့်၊ သို့မဟုတ် သတင်းဆောင်းပါး တစ်ခုတည်းသာရှိလျှင် ရက်စွဲများကိုနှိုင်းယှဉ်ရန် ကို ကလစ်နှိပ်ခြင်းက ရွေးချယ်စရာ သုံးခုရှိလာမည်-

  • လွန်ခဲ့သော ၃ လ- ဤနည်းက ယနေ့မှစသည့် လွန်ခဲ့သော သုံးလကို ထိုကာလ၏ အရင်သုံးလနှင့် နှိုင်းယှဉ်မည်ဖြစ်သည်။  

  • လွန်ခဲ့သောနှစ်- ဤနည်းက လွန်ခဲ့သောသုံးလကို လွန်ခဲ့သောတစ်နှစ်အရင်က သုံးလနှင့် နှိုင်းယှဉ်မည်ဖြစ်သည်။

  • စိတ်ြိုက်- ဤတွင် အောက်တွင်ဖော်ပြထားသည့် ရွေးချယ်စရာများပေါ်လာလိမ့်မည်။

မှတ်ရန်- Intelligence ဇယားတွင် စာရင်းများ၊စာမျက်နှာများ၊ အကောင့်များ၊ သို့မဟုတ် သတင်းဆောင်းပါးများ အများအပြားရှိနေလျှင် (အောက်ပါ) စိတ်ကြိုက်ရွေးချယ်စရာကိုသာ ပြုလုပ်ခွင့်ရှိမည်။

  • အချိန်အကန့်အသတ်ရွေးရန်-  ဤသို့ပြုလုပ်ခြင်းဖြင့် Intelligence ဇယားတွင် ပြသထားမည့် အချိန်အတိုင်းအတာကို ရွေးချယ်နိုင်မည်။  အောက်ပါတို့ကို သင်ရွေးချယ်နိုင်သည်။ ၇ ရက်၊ ရက် ၃၀၊ ၃ လ၊ ၆ လ၊ နှင့် တစ်နှစ်။

  • ရက်စွဲများ ရွေးရန်-  ဤသို့ပြုလုပ်ခြင်းဖြင့် အောက်တွင်သင်ရွေးချယ်လိုက်သော အချို့ရက်စွဲများမှ Intelligence ကို ရှေ့သို့ပြန်ကြည့်စေလိုသလား၊ နောက်သို့ပြန်ကြည့်စေလိုသလား သင်ရွေးချယ်နိုင်သည်။

  • ရက်စွဲ/အချိန်-  ဤနေရာတွင် သင်ရှေ့သို့ သို့မဟုတ် နောက်သို့ပြန်၍ ကြည့်စေလိုသော တိကျသည့် ရက်စွဲတစ်ခုကို ရွေးနိုင်သည်။  စာမျက်နှာ၊ အကောင့် သို့မဟုတ် သတင်းဆောင်းပါး တစ်ခုတည်းအတွက် အချိန်အကန့်အသတ်အများအပြားကို သင်ရွေးချယ်လိုက ရွေးချယ်နိုင်သည်။  စာမျက်နှာများ၊ အကောင့်များ၊ သို့မဟုတ် သတင်းဆောင်းပါးများ အများအပြားကို သင်ရွေးချယ်ထားလျှင် တစ်ခုစီအတွက် မတူညီသောရက်စွဲတစ်ခုကို ရွေးနိုင်သည်။

 

ဒေတာများ အုပ်စုဖွဲ့ခြင်း

"အုပ်စုဖွဲ့နည်း" စစ်ထုတ်မှုများကိုသုံးပြီး Intelligence ဇယားပေါ်ရှိ အစက်နှစ်ခုကြား အချိန်အကန့်အသတ်သည် တစ်နေ့၊ တစ်ပတ်၊ သို့မဟုတ် တစ်လကို ကိုယ်စားပြုကြောင်း သင်ရွေးချယ်နိုင်သည်။

အမေးများသော မေးခွန်းများ-

Q: စာမျက်နှာ သို့မဟုတ် အကောင့်တစ်ခုချင်းစီအစား စာရင်းတစ်ခုလုံးကို ထည့်သွင်းနိုင်ပါသလား။

A: ရပါတယ် - စာရင်း  တွင် စာမျက်နှာများ သို့မဟုတ် အကောင့်များ ၅၀၀ မကျော်သရွေ့ရပါတယ်။


Q: တစ်ခါတစ်ရံ စာမျက်နှာ၊ အကောင့်၊ သို့မဟုတ် သတင်းဆောင်းပါး တစ်ခုကိုရှာသည့်အခါ Intelligence ရှာဖွေမှုဘားတွင် အဘယ်ကြောင့် မပေါ်လာရသနည်း။

A: Intelligence ရှာဖွေမှုဇယားက စာရင်းများအားလုံးတွင်ရှိသော သင်ဝင်ရောက်အသုံးပြုခွင့်ရှိသည့် (သင့်ဒက်ရှ်ဘုတ်များအားလုံးတွင်) စာမျက်နှာ၊ အုပ်စု၊ အကောင့်၊ သတင်းဆေားပါး အားလုံးအနက်မှ ရှာဖွေခြင်းဖြစ်သည်။  သင်ရှာဖွေသောအရာ မပေါ်လာလျှင် သင့်ဒက်ရှ်ဘုတ်များအနက်မှ တစ်ခုရှိ စာရင်း တစ်ခုတွင် ထည့်သွင်းလိုက်ပါ။  ထိုအခါတွင် Intelligence က ရှာဖွေပေးနိုင်လိမ့်မည်။


Q: ဘယ်အချိန်ရှိပြီကို CrowdTangle က မည်သို့ဆုံးဖြတ်သနည်း။

A: သင့်အကောင့်ကိုယ်ရေးမှတ်တမ်းတွင် ရွေးချယ်ထားသော အချိန်ဇုန်၏ အချိန်ကို အခြေခံမည်ဖြစ်သည်။


​ 

မေးခွန်းတွေရှိလား။ တုံ့ပြန်အကြံပြုချက်ရှိလား။ support@crowdtangle.com ကို အီးမေးလ်ပို့ပါ။

Did this answer your question?