All Collections
Burmese
စာရင်းဆိုတာဘာလဲ။
စာရင်းဆိုတာဘာလဲ။
T
Written by Tess
Updated over a week ago

စာရင်းများဆိုသည်မှာ အဘယ်နည်း။

စာရင်းများသည် သတ်မှတ်စာမျက်နှာများ၊ အုပ်စုများ၊ အကောင့်များ သို့မဟုတ် Reddit နှီးနှောဖလှယ်ပွဲများကို စုဆောင်းထားခြင်းပင်ဖြစ်သည်။  စာရင်းတစ်ခုပြုစုပြီးလျှင် သင့်အနေဖြင့် CrowdTangle တွင် အကြောင်းအရာများ ပေါ်လာရန် သို့မဟုတ် စိစစ်မှုများ ပြုလုပ်ရန် သုံးနိုင်သည်။


“စျေးကွက်ထဲမှာရှိတဲ့ အကြောင်းအရာ ရေးသားသူတွေ အလုပ်ဝင်လုပ်ကိုင်နိုင်မယ့် အလုံးစုံထည့်သွင်းပြီး ဒက်ရှ်ဘုတ်တစ်ခု ချက်ချင်းရနုိင်မယ်၊ အကျိုးရလဒ်တွေကို ချက်ချင်းကြည့်နိုင်မယ်၊ ဒီကိရိယာကို ချက်ချင်းစသုံးနိုင်မယ်ဆိုတော့ ကျွန်တော်တို့အချိန်တွေပေးပြီး အဲ့ဒီစာရင်းတွေ ပြုစုရတာ တကယ်တန်ပါတယ်။”

-Eliza Buzzacott Speer, Australian Broadcasting Corporation ၏ လူမှုကွန်ရက် မီဒီယာပရိုဂျူဆာ

အဘယ်ကြောင့်ငါစာရင်းကိုသုံးပါလိမ့်မယ်။

  • သင့်၏ အချို့သော စာမျက်နှာများ သို့မဟုတ် အကောင့်များမှ အကြောင်းအရာကို ခြေရာခံလိုလျှင်

  • သင့်လုပ်ငန်းမှ အကြောင်းအရာကို ခြေရာခံလိုလျှင်

  • သင်နှင့် သင့်ပြိုင်ဘက်များ၏ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်လိုလျှင်

  • အကြောင်းအရာတစ်ခု ကောင်းမွန်စွာ စွမ်းဆောင်နေသလား ညံ့ဖျင်းစွာ စွမ်းဆောင်နေသလားဆိုသည်ကို အသိပေးချက်ရလိုလျှင်

  • သင့်လှုပ်ရှားမှုကို ခြေရာခံထားရန်

  • တိုက်ရိုက်ပြသမှုတစ်ခု ပြုလုပ်လိုလျှင်

  • Explore ဆက်ရှင်ရှိ သင့်အကောင့်တစ်ခုလုံးတွင် စိတ်ကြိုက်စာရင်းများ ရနိုင်အောင်ပြုလုပ်ရန် 

 

စာရင်းများကို မည်သို့သုံးရမည်နည်း။

 “တည်းဖြတ်တဲ့အပိုင်းက ကြည့်ရင် စတိုရီတွေက ဝါယာအခြေပြုဆက်သွယ်ရေးတွေထက် လူမှုပလက်ဖောင်းတွေမှာ ပိုပြီး မြန်မြန်ပြန့်တယ်၊ ကိုယ့် CrowdTangle စာရင်းတွေကိုသာ သေချာပြုစုထားရင် တခြားသူတွေဘယ်သူမှမမြင်ခင် စတိုရီတွေကို ကိုယ်ကအရင်ရှာတွေ့နေမှာပဲ။”

Esra Dogramaci၊ Deutsche Welle ၏ အကြီးတန်းအယ်ဒီတာ

စာရင်းတစ်ခုပြုစုခြင်း

သင့်ဒက်ရှ်ဘုတ်သို့ စာရင်းများကို နည်းလမ်းလေးခုနှင့် ထည့်သွင်းနိုင်သည်။

  • Explore ဆက်ရှင်မှတစ်ဆင့်

  • စိတ်ကြိုက် စာရင်းတစ်ခုဖန်တီးခြင်း

  • အမြောက်အများ အပ်လုဒ်လုပ်ခြင်း

  • စာရင်းများကို လွှဲပြောင်းသွင်းခြင်း

 

Explore ဆက်ရှင်

ဒက်ရှ်ဘုတ်တစ်ခုစီတွင် CrowdTangle အသင်း သို့မဟုတ် သင့်အကောင့်ပိုင်ရှင်များမှ ဖန်တီးခဲ့သော ဒါဇင်ချီစာရင်းများပါဝင်သော Explore ဆက်ရှင် တစ်ခုရှိသည်။  အချို့စာရင်းများသည် ပွဲစဉ်အဓိကဖြစ်ပြီး အခြားစာရင်းများမှာ ဒေသ သို့မဟုတ် ခေါင်းစဉ်နှင့်ဆိုင်သည်။  သင့်ဒက်ရှ်ဘုတ်ကိုထားရှိသော ပလက်ဖောင်းပေါ်မူတည်ပြီး စာရင်းများကွဲပြားမှုရှိသည်။  သင်အသုံးပြုလိုသော စာရင်းတစ်ခုတွေ့သည်နှင့် ထည့်သွင်းမည် ကိုကလစ်နှိပ်ပြီး ထိုစာရင်းကို သင့်ကိုယ်ပိုင် စာရင်းများသို့ ကူးယူနိုင်သည်။
​ 

စာရင်းတွင် စာမျက်နှာများ/အကောင့်များ/ Reddit နှီးနှောဖလှယ်ပွဲများ မည်မျှရှိပြီး မည်သည့်အချိန်က နောက်ဆုံးအပ်ဒိတ်လုပ်ထားသည်ကို Explore ဆက်ရှင်က ပြမည်ဖြစ်သည်။  သင့်ကိုယ်ပိုင်စာရင်းများသို့ ထိုစာရင်းကို ထည့်သွင်းပြီးလျှင် သင့်စခရင်န်၏ ဘယ်ဘက်ရှိ ၎င်း၏အမည်ကို ကလစ်နှိပ်ပြီး စာမျက်နှာများ/အကောင့်များ/Reddit နှီးနှောဖလှယ်ပွဲများကို “စီမံခန့်ခွဲရန်” တဘ်ကို ကလစ်နှိပ်ပြီး ကြည့်နိုင်၊ မွမ်းမံနိုင်သည်။  သင်အမှတ်အသားပြုထားသော ရှာဖွေမှုစာရင်းများသည် CrowdTangle က Explore List ကိုအပ်ဒိတ်လုပ်သည့်အခါတိုင်း အလိုအလျောက် အပ်ဒိတ်လုပ်ပြီးဖြစ်မည်။
​ 

ထိုနေရာတွင် စာမျက်နှာများ/အကောင့်များ ကြည့်ရန် ဆက်ရှင်ကိုသုံးပြီး မည်သည့်စာမျက်နှာများ/အကောင့်များသည် စာရင်းထဲတွင်ရှိနေသည် သို့မဟုတ် စာရင်းမှမည်သည်တို့ကို ဖယ်ရှားရမည်ကို ကြည့်နိုင်သည်။  သင့်လိုအပ်ချက်များအတိုင်း စိတ်ကြိုက်ပြုပြင်ရန် အပိုစာမျက်နှာများ/အကောင့်များကိုလည်း စာရင်းထဲထည့်သွင်းနိုင်သည်။
​ 

စိတ်ကြိုက် စာရင်းတစ်ခုဖန်တီးရန်

ဘေးဘက်လမ်းကြောင်းပြဘား ၏စာရင်းဆက်ရှင်အောက်ရှိ “စာရင်းဖန်တီးရန်” ကို ကလစ်နှိပ်ခြင်းဖြင့် စိတ်ကြိုက်စာရင်းတစ်ခုလုံးကို ဖန်တီးနိုင်ပါသည်။

ထိုနေရာမှ စာမျက်နှာများ/အကောင့်များ/Reddit နှီးနှောဖလှယ်ပွဲများ ရှာဖွေရန်ဘားကို ထည့်သွင်းရန် နေရာသို့ ရောက်သွားလိမ့်မည်။  ဤရှာဖွေမှုဘားသည် သင့်ဒက်ရှ်ဘုတ်တင်ရှိထားသော ပလက်ဖောင်း (Facebook, Instagram, Twitter, or Reddit) ကိုရှာဖွေခြင်းဖြစ်ပြီး CrowdTangle ဒေတာဘေ့စ်ကို ရှာဖွေခြင်းမဟုတ်ပါ။  သင်၏စာရင်းများသို့ CrowdTangle က ယခင်ကခြေရာခံခြင်းမရှိခဲ့သည့် စာမျက်နှာများ/အကောင့်များ/Reddit နှီးနှောဖလှယ်ပွဲများကို သင်ထည့်သွင်းလျှင်၊ ၎င်းကို CrowdTangle ဒေတာဘေ့စ်အတွင်းသို့ လူတိုင်းအတွက် ထည့်သွင်းလိုက်မည်။  သင့်စာရင်းသို့ စာမျက်နှာများ/အကောင့်များ/Reddit နှီးနှောဖလှယ်ပွဲများကို သင်နှစ်သက်သလောက် ထည့်သွင်းနိုင်ပါသည်။  တစ်ခုထည့်သည့်အချိန်တိုင်း CrowdTangle က အခြားအလားတူသည့် စာမျက်နှာများ/အကောင့်များ/Reddit နှီးနှောဖလှယ်ပွဲများကို ထောက်ခံချက်ပေးလိမ့်မည်။
​ 

အကောင့်ပိုင်ရှင်များသည် ၎င်းတို့၏အကောင့်ဒက်ရှ်ဘုတ်များတွင် ဖန်တီးခဲ့သည့် စာရင်းများကို စီမံခန့်ခွဲရန် ---> အဆင့်မြှင့်ဆက်တင်များ အောက်ရှိ Explore ဆက်ရှင်အောက်တွင် ထုတ်ဝေနိုင်ခွင့်ရှိသည်။  ဤစာရင်းများကို အကောင့်ထဲရှိလူအားလုံး Explore ဆက်ရှင်၊ Intelligence ဇယားများနှင့် သိမ်းဆည်းထားသော ရှာဖွေမှုများတွင် မြင်နိုင်အောင် ပြုလုပ်ထားမည်။
​ 

အကြံပြုချက်- Intelligence ဇယားတွင် စာမျက်နှာ၊ အကောင့် သို့မဟုတ် Reddit နှီးနှောဖလှယ်ပွဲ တစ်ခုတင်ရန်အတွက် သင်ဝင်ရောက်အသုံးပြုခွင့်ရှိသော စာရင်းများအနက်မှ တစ်ခုတွင် ၎င်းပါဝင်နေရမည်။

အမြောက်အများ အပ်လုပ်တင်ခြင်း

ရှိနှင့်ပြီးသား စာရင်းများသို့ စာမျက်နှာများ/အကောင့်များ/Reddit နှီးနှောဖလှယ်ပွဲများကို တစ်ကြိမ်တွင် တစ်ခုသာမဟုတ်ဘဲ အများအပြား ထည့်သွင်းနိုင်သည်။  ဤသို့ပြုလုပ်ရန် CrowdTangle ၏ ညာဘက်ထောင့်ရှိ ဂီယာအိုင်ကွန်ပေါ်တွင်ကလစ်နှိပ်ပါ။

ထိုနေရာတွင် ကော်လံနှစ်ခုပါသည့် နမူနာပုံစံ .csv ဖိုင်ကို ဒေါင်းလုတ်ဆွဲနိုင်သည်။ ကော်လံတစ်ခုသည် သင်ထည့်သွင်းနေသော စာရင်း၏အမည်အတွက်ဖြစ်ပြီး နောက်တစ်ခုမှာ သင်ထည့်သွင်းနေသော စာမျက်နှာ/အကောင့်/Reddit နှီးနှောဖလှယ်ပွဲအတွက် ဖြစ်သည်။  ဖောက်ဖြည့်ပြီးလျှင် ၎င်းကို သိမ်းဆည်းပြီး CrowdTangle သို့ အပ်လုဒ်တင်ပါ။  အမြောက်အများ အပ်လုဒ်တင်ခြင်းသည် ပုံမှန်အားဖြင့် အလွန်မြန်သော်လည်း ကြီးမားသော .csv ဖိုင်များကို ပြီးမြောက်အောင်တင်နိုင်ရန် နာရီအနည်းငယ်ခန့် ကြာနိုင်သည်။
​ 

စာရင်းများကို လွှဲပြောင်းသွင်းခြင်း

စာရင်းများကို သင်ဝင်ရောက်အသုံးပြုခွင့်ရှိသော အခြားဒက်ရှ်ဘုတ်များမှလည်း လွှဲပြောင်းသွင်းယူနိုင်သည်။  အခြားသော သင့်ဒက်ရှ်ဘုတ်များမှ စာရင်းတစ်ခုလွှဲပြောင်းသွင်းရန် သင့်စာရင်းများထိပ်ဆုံးတွင်ရှိနေမည့် စာမျက်နှာများအားလုံး စာရင်းသို့ သွားပါ။

ထိုနေရာတွင် “စီမံခန့်ခွဲရန်” အကွက်ကို ကလစ်နှိပ်ပြီး “စာရင်း လွှဲပြောင်းသွင်းရန်” ကို ရွေးပါ။  သင်၏ မည်သည့်ဒက်ရှ်ဘုတ်မှဖြစ်စေ စာရင်းတစ်ခုကို စာရင်းသစ်တစ်ခုအဖြစ် လွှဲပြောင်းသွင်းရန်ဖြစ်စေ၊ သင့်လက်ရှိ ဒက်ရှ်ဘုတ်တွင် ရှိပြီးသားစာရင်းတစ်ခု အဖြစ်ထည့်သွင်းရန်ဖြစ်စေ သင်ရွေးချယ်နိုင်မည်ဖြစ်သည်။

 

ရှိပြီးသား စာရင်းတစ်ခုကို တည်းဖြတ်ခြင်း

စာရင်းတစ်ခုဖန်တီးပြီးသည်နှင့် အပြည့်အဝ ဒက်ရှ်ဘုတ် အသုံးပြုသူ အကျိုးခံစားခွင့်ရှိသူတိုင်း ၎င်းကိုတည်းဖြတ်နိုင်မည်ဖြစ်သည်။  ရှိပြီးသားစာရင်းတစ်ခုကို တည်းဖြတ်ရန် သင့်စခရင်န်၏ ဘယ်ဘက်ရှိ စာရင်းဆက်ရှင်အောက်တွင် စာရင်း၏နာမည်ကို ကလစ်နှိပ်ပါ။  ထို့နောက် “စီမံခန့်ခွဲရန်” ကို ကလစ်နှိပ်ပါ။

 

စာမျက်နှာများကို ကြည့်ရှုရန်

စာမျက်နှာများကို ကြည့်ရန် ဆက်ရှင်သည် စာရင်းတွင် လက်ရှိရှိနေသော စာမျက်နှာများ/အကောင့်များကို မြင်တွေ့စေနိုင်သည်။  ဤနေရာတွင် ပြုလုပ်နိုင်သော အရာသုံးခုမှာ-
​ 

မှတ်တမ်းရယူခြင်း- ဤသည်ကိုရွေးချယ်လျှင် ထိုစာမျက်နှာ/အကောင့်မှ ၃ လစာပို့စ်တင်သည့်မှတ်တမ်းပါဝင်သော csv ဖိုင်တစ်ခုကို CrowdTangle မှပို့ေပးလိမ့်မည်။
 
အသေးစိတ်အချက်အလက်များတည်းဖြတ်ခြင်း-
 ဤသို့ပြုလုပ်ခြင်းက သတ်မှတ် စာမျက်နှာ/အကောင့်သည် မည်သည့်စာရင်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ကို မြင်နိုင်စေသည်။  ဤနေရာတွင် သတ်မှတ်စာရင်းများမှ စာမျက်နှာ/အကောင့်ကို ဖယ်ရှားနိုင်သလို အခြားရှိပြီးသား စာရင်းသို့လည်း ထည့်သွင်းနိုင်သည်။
​ 
ဖယ်ရှားခြင်း- ဤစာရင်းမှ စာမျက်နှာ/အကောင့်ကို ဖယ်ရှားနိုင်သည်၊ သို့မဟုတ် ဤဒက်ရှ်ဘုတ်၏ စာရင်းများအားလုံးမှ စာမျက်နှာ/အကောင့်ကို ဖယ်ရှားနိုင်သည်။
​ 

စာမျက်နှာများ ထည့်သွင်းရန်

ဤဆက်ရှင်က စာမျက်နှာ/အကောင့် အသစ်များကို စာရင်းသို့ ထည့်သွင်းခွင့်ပြုသည်။  ဤရှာဖွေမှုဘားသည် CrowdTangle ၏ ကိုယ်ပိုင်ဒေတာဘေ့စ်သို့မဟုတ်ဘဲ ပလက်ဖောင်း ( Facebook၊ Instagram စသည်တို့) ကိုပင် ပြန်သွားသည်။  ဤတွင်ထည့်သွင်းသော မည်သည့် စာမျက်နှာ/အကောင့်ကိုမဆို CrowdTangle ၏ ဒေတာဘေ့စ်တွင် မရှိသေးလျှင် ၎င်းထဲသို့လည်း ထည့်သွင်းလိမ့်မည်။
​ 

အဆင့်မြှင့် ဆက်တင်များ

ပို့စ်များကို ချန်လှပ်ရန်- ဤနည်းဖြင့် တိကျသော အဓိကစကားလုံးများ သို့မဟုတ် URL များပါဝင်သော မည်သည့်ပို့စ်များကိုမဆို ဤစာရင်း၏ ပို့စ်ရေစီးကြောင်းမှ ချန်လှပ်ထားနိုင်သည်။

မှတ်တမ်းတွင်သိမ်းထားသော ဒေတာများ- ဤနည်းက စာရင်းရှိ လွန်ခဲ့သော ၃ လအတွင်းက စာမျက်နှာ/အကောင့်တိုင်းမှ ပို့စ်များကို csv ဖိုင်ဖြင့်ပို့ပေးလိမ့်မည်။

 

ပို့စ်များ အကွက်

ပို့စ်များ အကွက်သည် သင့်စာရင်းရှိအရင်းအမြစ်များမှ အကြောင်းအရာများကို ပေါ်လာစေပြီး ၎င်းတို့၏ စွမ်းဆောင်ရည်ကို စိစစ်စေနိုင်သည်။ ပိုမိုလေ့လာရန် ဤနေရာ ကိုကလစ်နှိပ်ပါ။
​ 

Leaderboard အကွက်

Leaderboard အကွက်တွင် စာရင်းရှိ စာမျက်နှာ၊ အုပ်စု၊ အကောင့်၊ Reddit နှီးနှောဖလှယ်ပွဲ တစ်ခုစီ၏ စွမ်းဆောင်ရည်ကို အဆင့်သတ်မှတ်နိုင်သည်။ ပိုမိုလေ့လာရန် ဤနေရာ ကိုကလစ်နှိပ်ပါ။
​ 

အသိပေးချက်များ အကွက်

အသိပေးချက်များအကွက်က စာရင်းပေါ်အခြေခံပြီး မတူညီသော အီးမေးလ်အမျိုးအစားများနှင့် Slack အသိပေးချက် အမျိုးမျိုးကို ဖန်တီးခွင့်ပေးသည်။  ပိုမိုလေ့လာရန် ဤနေရာ ကိုကလစ်နှိပ်ပါ။

မေးခွန်းတွေရှိလား။ တုန့်ပြန်အကြံပြုချက်ရှိလား။ support@crowdtangle.com ကို အီးမေးလ်ပို့ပါ။

Did this answer your question?