All Collections
Burmese
ပို့စ်များနှင့် ပို့စ်စိစစ်ချက်
ပို့စ်များနှင့် ပို့စ်စိစစ်ချက်

စာရင်းများတွင် အကြောင်းအရာနှင့် ပို့စ်စိစစ်ချက်များ ပေါ်အောင်လုပ်ခြင်းကို လေ့လာကြည့်ပါ။

T
Written by Tess
Updated over a week ago

ပို့စ်များ အကွက်

သင့် စာရင်း သို့မဟုတ် ရှာဖွေမှုရှိ “ပို့စ်များ” အကွက်သည် ထိုစာမျက်နှာများ/အကောင့်များ/Reddit မှ နှီးနှောဖလှယ်ပွဲများမှ အကြောင်းအရာများကို အထူးသဖြင့် ပေါ်လာအောင် ပြုလုပ်ပေးသည်။

စွမ်းဆောင်ရည်၊ ပို့စ်တင်သည့်အချိန်၊ ပို့စ်အမျိုးအစား၊ ဘာသာစကား၊ အတည်ပြုချက် အခြေအနေ၊ သတင်းလိုက်သူများ/နှစ်သက်မှုများ အပါအဝင် အကြောင်းခံအမျိုးမျိုးအပေါ် မှီတည်ပြီး အချို့သောအကြောင်းအရာများကို ဦးစားပေးဖော်ပြရန် ထိပ်ဆုံးရှိ စစ်ထုတ်မှုများကို အသုံးပြုနိုင်သည်။

  

စွမ်းဆောင်ရည်-

  • စွမ်းဆောင်ရည် ကျော်လွန်သော-  ထို စာမျက်နှာ/အကောင့်/ Reddit နှီးနှောဖလှယ်ပွဲမှ ထိုအချိန်တွင်အမျိုးအစားတူ ပျမ်းမျှပို့စ်ထက် သာလွန်ပြီး စွမ်းဆောင်နေသော အကြောင်းအရာကို ဤသည်က ဦးစားပေးဖော်ပြမည်။  

  • စွမ်းဆောင်ရည်မပြည့်သော- စွမ်းဆောင်ရည် ကျော်လွန်သောနှင့်အတူ ထို စာမျက်နှာ/အကောင့်/ Reddit နှီးနှောဖလှယ်ပွဲမှ ထိုအချိန်တွင်အမျိုးအစားတူ ပျမ်းမျှပို့စ်ထက် ညံ့ဖျင်းစွာ စွမ်းဆောင်နေသော အကြောင်းအရာကို ဤသည်က ဦးစားပေးဖော်ပြမည်။

  • စုစုပေါင်း အပြန်အလှန်တုံ့ပြန်မှုများ-  ဤသည်က အပြန်အလှန်တုံ့ပြန်မှုအရေအတွက်အများဆုံးရှိသည့် အကြောင်းအရာကို ပထမဦးစားပေးလိမ့်မည် စာမျက်နှာ/အကောင့်/Reddit နှီးနှောဖလှယ်ပွဲ၏ အရွယ်အစားကို ထည့်တွက်ခြင်းမရှိပါ။

  • အပြန်အလှန်တုံ့ပြန်မှု နှုန်း- ပို့စ်များအတွက် အပြန်အလှန်တုံ့ပြန်မှုနှုန်းသည် ထိုပို့စ်ကို တစ်နည်းနည်းနှင့် တုံ့ပြန်ခဲ့သည့် စာမျက်နှာကို နှစ်သက်မှုများ၊ အုပ်စု၏အဖွဲ့ဝင်များ၊ အကောင့်ကို သတင်းလိုက်သူများ နှင့် Reddit နှီးနှောဖလှယ်ပွဲကို စာရင်းပေးသွင်းသူများ၏ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။  ဤရွေးချယ်မှုက အမြင့်ဆုံး အပြန်အလှန်တုံ့ပြန်မှုနှုန်းရှိသည့် အကြောင်းအရာကို ဦးစားပေးလိမ့်မည်။

  • လတ်တလော အဖြစ်ဆုံး-  ဤရွေးချယ်မှုက အပြန်အလှန်တုံ့ပြန်မှုများ၊ စွမ်းဆောင်ရည်များကို ထည့်မတွက်ဘဲ လတ်တလောအဖြစ်ဆုံးအချိန်တွင်တင်ခဲ့သည့် အကြောင်းအရာကို ဖော်ပြလိမ့်မည်။

 

အချိန်-

သင့်အနေဖြင့် ကြိုတင်သတ်မှတ်ထားသော အချိန်များမှ ရွေးချယ်နိုင်သကဲ့သို့ သင့်ကိုယ်ပိုင် အချိန်အကန့်အသတ်လည်း ထားရှိနိုင်သည်။
​ 

ပို့စ် အမျိုးအစား-

သင်ဝင်ထားသော ဒက်ရှ်ဘုတ်အမျိုးအစားပေါ်မူတည်ပြီး ပို့စ်အမျိုးအစားလည်း ကွဲပြားသွားလိမ့်မည်။  

  • Facebook- ဓါတ်ပုံများ၊ လင့်ခ်များ၊ စတေးတပ်စ်များ၊ ဗီဒီယိုအားလုံး၊ Facebook ဗီဒီယိုများ၊ Facebook တိုက်ရိုက်ထုတ်လွှင့်မှု၊ Youtube ဗီဒီယိုများ

  • Instagram- ဓါတ်ပုံများ၊ ဗီဒီယိုများ

  • Twitter- ဓါတ်ပုံများ၊ လင့်ခ်များ၊ စာသား၊ ဗီဒီယိုများ၊ Twitter ဗီဒီယိုများ

  • Reddit- ဓါတ်ပုံများ၊ လင့်ခ်များ၊ စတေးတပ်စ်များ၊ ဗီဒီယိုများ

 

အခြား-

"အခြား" အောက်တွဲမီနူးရှိ ရွေးချယ်စရာများသည်လည်း သင်ဝင်ထားသောဒက်ရှ်ဘုတ်အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။

  • Facebook- အရေးပေါ်သတင်းများ၊ အမှတ်တံဆိပ်ဆိုင်ရာ အကြောင်းအရာ၊ အတည်ပြုထားသော စာမျက်နှာများ၊ အနည်းဆုံးစာမျက်နှာ နှစ်သက်မှုများ၊ ဘာသာစကားစစ်ထုတ်မှု

  • Instagram- အတည်ပြုထားသော အကောင့်များ၊အနည်းဆုံး သတင်းလိုက်သူများ၊ ဘာသာစကားစစ်ထုတ်မှု

  • Twitter- အနည်းဆုံးစာရင်းပေးသွင်းသူများ၊ ဘာသာစကားစစ်ထုတ်မှု

  • Reddit- အနည်းဆုံးစာရင်းပေးသွင်းသူများ၊ ဘာသာစကားစစ်ထုတ်မှု

မှတ်ချက်- ဘာသာစကားစစ်ထုတ်မှုသည် ပို့စ်များရှိ ဘာသာစကားကို စစ်ဆေးရန် ကြိုးပမ်းပြီး ရွေးထားသော ဘာသာစကားနှင့်ကိုက်ညီသော ပို့စ်များကိုသာ ဖော်ပြပေးမည်။
  

အခြားရွေးချယ်စရာများ-

  • ပြန်ဖွင့်ရန်- ပို့စ်ရေစီးကြောင်းကို ပြန်ဖွင့်ပေးမည်။

  • သိမ်းရန်-  သင့်အနေဖြင့် အချိန်တိုင်း ပြန်မသတ်မှတ်ရအောင် ထိုစာရင်း အတွက် စစ်ထုတ်မှု ဆက်တင်များကို သိမ်းဆည်းပေးမည်။

  • လွှဲပြောင်းပို့ရန်- ထိုစာရင်း၏ပို့စ်ရေစီးကြောင်းရှိ ပို့စ်များအားလုံး၏ ဒေတာပါသော .csv ဖိုင်တစ်ခုကို သင့်ထံသို့ CrowdTangle က အီးမေးလ် ပို့ပေးမည်။

 

ပို့စ်ရွေးချယ်စရာများ-

ပို့စ်အကွက်တွင် ပို့စ်တစ်ခုစီ၏ ညာဘက်အပေါ်တွင် ဒက်ရှ်ဘုတ်နှင့် ဆက်နွယ်နေသော ပလက်ဖောင်းပေါ်မူတည်ပြီး နောက်ထပ်ရွေးချယ်စရာများရှိသည်။  Tweet များနှင့် Reddit နှီးနှောဖလှယ်ပွဲများတွင် Tweet ကို အီးမေးလ် သို့မဟုတ် ဝက်ဘ်ဆိုက်တစ်ခုတွင် မြှုပ်ထားနိုင်ရန် ၎င်း၏ မြှုပ်နှံမှု ကုဒ်တစ်ခု ရယူရန် ရွေးချယ်နိုင်သည်။  Instagram ပို့စ်များသည် Instagram တွင် မူရင်းပို့စ်ကို မြင်တွေ့စေနိုင်သည်။

Facebook ကနောက်ထပ် ရွေးချယ်စရာများ ကမ်းလှမ်းထားပါသေးသည်-

  • ပို့စ်သို့သွားရန်- Facebook ရှိ မူရင်းပို့စ်သို့ ခေါ်ဆောင်သွားမည်။

  •  Intelligence တွင်လည်ပတ်ရန်- သင့်အတွက် Intelligence ဇယားတစ်ခု တိုက်ရိုက်တင်ပေးလိမ့်မည်။

  • စာမျက်နှာ ဆက်တင်များ- ဤစာမျက်နှာသည် မည်သည့် စာရင်းများ တွင် ပါဝင်နေသည်ကို ကြည့်ခြင်း၊ ၎င်းကို ပိုအလေးသာအောင်လုပ်ခြင်း (သင့်ပို့စ်ရေစီးကြောင်းတွင် ပိုပေါ်အောင်လုပ်ခြင်း) သို့မဟုတ် သင့် စာရင်းများ အားလုံးမှ စာမျက်နှာကို တစ်ကြိမ်တည်းတွင် ဖယ်ရှားခြင်း စသည်တို့ပြုလုပ်နိုင်သည်။

  • SV ဒေါင်းလုတ်လုပ်ရန်- ထိုသတ်မှတ်ပို့စ်အတွက် ဒေတာပါသောဖိုင်တစ်ခုကို ဒေါင်းလုတ်ဆွဲလိမ့်မည်။

  • ပို့စ်ကို သိမ်းရန်-  ပို့စ်ကို ဘယ်ဘက်လမ်းကြောင်းပြဘားရှိ သင်၏ “သိမ်းဆည်းထားသော ပို့စ်များ” ဆက်ရှင်တွင် ထည့်သွင်းပေးလိမ့်မည်။

  • မြှုပ်နှံမှု ကုဒ်-  ပို့စ်၏ မြှုပ်နှံမှုကုဒ်ကို ဆွဲယူပေးပြီး ၎င်းကို အီးမေးလ်သို့မဟုတ် ဝက်ဘ်ဆိုက်တစ်ခုတွင် မြှုပ်နှံစေနိုင်သည်။

  • အသင်းသို့ ပို့ရန်- သင်ရွေးချယ်လိုက်သော မည်သည့်အီးမေးလ် လိပ်စာသို့မဆို အီးမေးလ်ပို့နိုင်သည်။

  • အလားတူ ပို့စ်များ- အလားတူအကြောင်းအရာပါသော ပို့စ်များကို တည်နေရာရှာရန် ကြိုးပမ်းလိမ့်မည်။

  • ပို့စ် အပ်ဒိတ်တင်ရန်- ပြောင်းလဲမှုမှန်သမျှကို ပို့စ်၏ ပလက်ဖောင်းနှင့် တူအောင်ညှိပေးသည်။

  • ပို့စ်အမှားရှာဖွေရန်- ပို့စ်ကိုယ်တိုင်၏ စိတ်ကြိုက်ပြုပြင်နိုင်သော အရင်းအမြစ်ကုဒ်ကို တွေ့မြင်နိုင်သည်။


မေးခွန်းတွေရှိလား။ တုံ့ပြန်အကြံပြုချက်ရှိလား။ support@crowdtangle.com ကို အီးမေးလ်ပို့ပါ။

Did this answer your question?