All Collections
Burmese
Leaderboard ဆိုသည်မှာ အဘယ်နည်း။
Leaderboard ဆိုသည်မှာ အဘယ်နည်း။
T
Written by Tess
Updated over a week ago

Leaderboard ဆိုသည်မှာ အဘယ်နည်း။

Leaderboard သည် အချိန်အပိုင်းအခြားတစ်ခုအတွင်း စာရင်း သို့မဟုတ်  သိမ်းဆည်းထားသော ရှာဖွေမှု တစ်ခုတွင် ကိုယ်ရေးမှတ်တမ်း၊ စာမျက်နှာ၊ အကောင့် သို့မဟုတ် ကိုယ်ရေးမှတ်တမ်း/စာမျက်နှာများ/အကောင့်များ အုပ်စုတစ်ခုသည် မည်သို့စွမ်းဆောင်နေသည်ကို မြင်စေနိုင်သည်။ ဤလုပ်ဆောင်ချက်သည် သင့်ကိုယ်ရေးမှတ်တမ်းများ၊ စာမျက်နှာများ သို့မဟုတ် အကောင့်များနှင့်ပတ်သက်ပြီး အစီရင်ခံခြင်း၊ သင်နှင့်နှီးနွယ်မှုများကို ခြေရာခံခြင်းနှင့် ပြိုင်ဆိုင်မှုများသော စိစစ်မှုများအတွက် အသုံးဝင်သည်။  

“ကျွန်တော်တို့ စာမျက်နှာတွေအားလုံးနဲ့ စွမ်းဆောင်ရည်အများဆုံး ကျော်လွန်နေတဲ့ စတိုရီတွေရဲ့ leaderboard ကို ပြသတဲ့ဒက်ရှ်ဘုတ်ဟာ ကျွန်တော်တို့ရဲ့ သတင်းအခန်းမှာ အချိန်တိုင်း ဒေတာအချက်အလက်တွေရနေဖို့ကို အားဖြည့်ပေးတဲ့ မျက်နှာပြင်အသစ်တစ်ခု ဖြစ်လာခဲ့ပါပြီ။”

-Hannah Monderkamp၊ Rheinische Post လူမှုကွန်ရက် မီဒီယာစီစစ်ရေးအရာရှိ 

 

Leaderboard များကို အဘယ်ကြောင့်သုံးရသနည်း။

  • သင့်စာမျက်နှာများ၊ ကိုယ်ရေးမှတ်တမ်းများ သို့မဟုတ် အကောင့်များအားလုံး၏ စွမ်းဆောင်ရည်ကို တစ်ချိန်တည်းတွင် စီစစ်ရန်။

  • သင့်ပြိုင်ဘက်များနှင့် သင်၏ စွမ်းဆောင်ရည်ကို ခြေရာခံရန်။

  • သင့်နယ်ပယ်ရှိ ဦးဆောင်သူများကို ဖော်ထုတ်ရန်နှင့် ၎င်းတို့၏အကြောင်းအရာများမှ သင်ယူရန်။

  • သင်၏ အမှတ်တံဆိပ်ပါအကြောင်းအရာ၏ စွမ်းဆောင်ရည်ကို ခြေရာခံရန်နှင့် ဖြန့်ကျက်ပို့စ်တင်သော မိတ်ဖက်အသစ်များကို ဖော်ထုတ်ရန်။

 

မကြာသေးသော အပ်ဒိတ်များ

၄/၁၇/၂၀၁၈- ယခုအခါ Leaderboard များတွင် အမှတ်တံဆိပ်ပါသည့် အကြောင်းအရာကို ခြေရာခံနိုင်ပြီဖြစ်သည်။

၂/၁/၂၀၁၈-  Facebook ဒက်ရှ်ဘုတ်များတွင် မှတ်ချက်များ၊ မျှဝေမှုများ၊ တုံ့ပြန်မှုများအတွက် အပြန်အလှန်တုံ့ပြန်ချက် ဦးဆောင်ဘုတ်များ ယခုရှိပြီဖြစ်သည်။

Leaderboard များကို မည်သို့အသုံးရပြုသနည်း။

“ကျွန်တော်တို့စာမျက်နှာနဲ့ ကျွန်တော်တို့ပြိုင်ဘက်တွေ ကျယ်ပြန့်တဲ့ အသိုင်းအဝိုင်းတွေ ပလက်ဖောင်းတွေကို ဖြတ်ကျော်ပြီး စွမ်းဆောင်နေကြတာကို မြင်ရတာ ပြည့်စုံပါတယ်။”

-Allison Rockey၊ ပရိုဂရမ်ရေးဆွဲရေး အသံဒါရိုက်တာ


ခြုံငုံသုံးသပ်ချက်

Leaderboard များကို စာရင်းများ နှင့် သိမ်းထားသော ရှာဖွေမှုများ တွင်တွေ့နိုင်သည်။  Leaderboard များကို စတင်အသုံးမပြုမီ သင့် Leaderboard တွင် ခြေရာခံလိုသော ကိုယ်ရေးမှတ်တမ်းများ၊ စာမျက်နှာများ၊ အုပ်စုများ၊ သို့မဟုတ် အကောင့်များ၏စာရင်း သို့မဟုတ် သိမ်းထားသောရှာဖွေမှု ရှိကြောင်းသေချာပါစေ။


မိတ်ဖက်များသည် နှီးနွယ်သူများ၏စာရင်း ၊ ၎င်းတို့ ပြိုင်ဘက်များ၏စာရင်းများနှင့် လက်ရှိနှင့် လာမည့်ပွဲစဉ်များ၏စာရင်းများ ပါသော Leaderboard များကို မကြာခဏအသုံးပြုကြသည်။
​ 

Leaderboard ဒေတာ

Leaderboard များသည် အောက်ပါမက်ထရစ်များကို ခြေရာခံနိုင်သည်။

  • အပြန်အလှန်တုံ့ပြန်မှု ဒေတာ

  • တစ်နေ့ ပျှမ်းမျှပို့စ် သို့မဟုတ် တွီတ်များ

  • စာမျက်နှာနှစ်သက်မှုများ/ သတင်းလိုက်သူများ

  • တိုးပွားမှုနှုန်း

  • ဗီဒီယို ကြည့်ရှုမှုဒေတာ (Facebook နှင့် Instagram သာ)

ပညာရှင်အကြံပြုချက်- Leaderboard များသည် Intelligence ဇယားကဲ့သို့ပင် အချက်အလက်များ ဖြည့်ဆည်းပေးသော်လည်း ၎င်းတို့သည် ကိုယ်ရေးမှတ်တမ်းများ၊ စာမျက်နှာများ၊ သို့မဟုတ် အကောင့်များ ၁၀ ခုအထိသာဟု ကန့်သတ်ထားခြင်းမရှိပါ။  

leaderboard တစ်ခုသည် စာရင်း သို့မဟုတ် သိမ်းဆည်းထားသော ရှာဖွေမှုရှိ ကိုယ်ရေးမှတ်တမ်း၊ စာမျက်နှာ သို့မဟုတ် အကောင့်တိုင်း၏ စွမ်းဆောင်ရည်ကို အဆင့်သတ်မှတ်ပေးမည် - စာရင်းရှိ ကိုယ်ရေးမှတ်တမ်းများ/စာမျက်နှာများ/အကောင့်များ၏ အုပ်စုအတွက် ပျှမ်းမျှစွမ်းဆောင်ရည်ကို ပေးအပ်ပြီးဖြစ်သကဲ့သို့ တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကိုလည်း ခွဲခြမ်းပြသပေးနိုင်သည်။  

ပညာရှင်အကြံပြုချက်- Leaderboard ထိပ်ဆုံးရှိ စာမျက်နှာအရွယ်အစား စစ်ထုတ်မှုကို အသုံးပြုပြီး leaderboard ကို သင့်ကိုယ်ပိုင် အရွယ်အစားနှင့် တူညီမှုရှိသောကိုယ်ရေးမှတ်တမ်းများ၊ စာမျက်နှာများသို့မဟုတ် အကောင့်များကိုသာ ကြည့်ရန် ကျုံ့ယူပစ်နိုင်သည်။  နောက်ထပ် ပြင်ဆင်ချိန်ညှိထားသော ယှဉ်ပြိုင်မှုများသည့် ဒေတာများရရန် ဤနည်းကို အသုံးပြုပါ။

leaderboard တစ်ခုရှိ စွမ်းဆောင်ရည်မက်ထရစ်များပေါ်တွင် မောက်စ်တင်ထားခြင်းက နောက်ထပ်အချက်အလက်များ ဖြည့်ဆည်းပေးလိမ့်မည်။

 

ဗီဒီယို အကြောင်းအရာ

Facebook ကိုယ်ရေးမှတ်တမ်းများ၊ စာမျက်နှာများ၊ သို့မဟုတ် Instagram အကောင့်များမှ ယှဉ်ပြိုင်မှုများသော ဗီဒီယိုကြည့်ရှုမှု ဒေတာများကို Leaderboard များဖြင့်သာ ဝင်ရောက်ကြည့်ရှုနိုင်သည်။  ဗီဒီယိုဒေတာကို ပိုင်ဆိုင်မှုရှိသော ဗီဒီယိုများ (စာမျက်နှာ သို့မဟုတ် အကောင့်တွင် တိုက်ရိုက်တင်ထားသော ဗီဒီယိုများ) နှင့် မျှဝေထားသော ဗီဒီယိုများ (အခြားစာမျက်နှာများနှင့် အကောင့်များမှ မျှဝေထားသော ဗီဒီယိုများ) ဟူ၍ခွဲခြားထားသည်။  Facebook Leaderboard များသည် ရိုးရာဗီဒီယိုဒေတာ နှင့် Facebook တိုက်ရိုက်ထုတ်လွှင့် ဗီဒီယိုများကို ခွဲခြားလိမ့်မည်။

 

အမှတ်တံဆိပ်ဆိုင်ရာ အကြောင်းအရာ

 

Facebook ဒက်ရှ်ဘုတ်များရှိ Leaderboard များကိုစာရင်း သို့မဟုတ် ရှာဖွေမှု တစ်ခုရှိ စာမျက်နှာများမှ အများနှင့်သက်ဆိုင်သော၊ ပစ်မှတ်ထားရှိခြင်းမရှိသည့် အမှတ်တံဆိပ်ဆိုင်ရာ အကြောင်းအရာများအား ခြေရာခံရန် ထားရှိနိုင်သည်။  ဤနည်းကို သင်နှင့် သင့်ပြိုင်ဘက်များ၏ အမှတ်တံဆိပ်ဆိုင်ရာ အကြောင်းအရာတို့ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ရန်နှင့် အလားအလာရှိသော ဖြန့်ကျက်ပို့စ်တင်သည့် မိတ်ဖက်များကို ဖော်ထုတ်ရန် အသုံးပြုနိုင်သည်။ 

ပညာရှင်အကြံပြုချက်-  အလားအလာရှိသော ဖြန့်ကျက်ပို့စ်တင်သည့် မိတ်ဖက်များကို သင့်ထုတ်ဝေမှုများ၏ ဘေ့စ် URLအား ရှာဖွေမှုများ ကို ဖော်ထုတ်ရန် Facebook ဒက်ရှ်ဘုတ်တွင် သိမ်းဆည်းထားသော ရှာဖွေမှု တစ်ခုကိုဖန်တီးပါ။  ဤသို့ပြုလုပ်ခြင်းဖြင့် CrowdTangle ကခြေရာခံထားသော အခြားစာမျက်နှာများမှ မျှဝေထားသော သင်၏ပို့စ်မှန်သမျှကို ဖော်ထုတ်ပေးလိမ့်မည်။  ထိုအခါတွင် သင့်အကြောင်းအရာကိုမျှဝေနေသည့် အအောင်မြင်ဆုံးဖြန့်ချိသူများကို ဖော်ထုတ်ရန် အမှတ်တံဆိပ်ဆိုင်ရာ အကြောင်းအရာ Leaderboard ကို သင်ဖန်တီးနိုင်ပြီဖြစ်သည်။
 

Leaderboard အမျိုးအစားများ

ပို့စ်များအားလုံး၏ Leaderboard များ-  အထက်တွင်ဖော်ပြထားသော အချက်အလက်များအားလုံးကို ၎င်းတို့က ခြေရာခံလိမ့်မည်။

အပြန်အလှန်တုံ့ပြန်မှု Leaderboard များ (Facebook သာ)- ဤ leaderboard များသည် စာရင်း သို့မဟုတ် သိမ်းဆည်းထားသောရှာဖွေမှုရှိ စာမျက်နှာများအတွက် မှတ်ချက်များ၊ မျှဝေမှုများ၊ သို့မဟုတ် တုန့်ပြန်မှုများ၏ ဒေတာများကို အထူးသဖြင့် ခြေရာခံမည်ဖြစ်သည်။

အမှတ်တံဆိပ်ဆိုင်ရာ အကြောင်းအရာ Leaderboard များ-  ဤ leaderboard များသည် စာမျက်နှာ သို့မဟုတ် အကောင့်တစ်ခုစီ၏ အများနှင့်သက်ဆိုင်သော၊ ပစ်မှတ်မထားရှိသည့် ပို့စ်များ သို့မဟုတ် တွီတ်များနှင့် ပတ်သက်သည့် ဒေတာများကို ဖြည့်ဆည်းပေးမည်။

ပိုင်ဆိုင်မှုရှိသော ဗီဒီယို Leaderboard များ (Facebook နှင့် Instagram သာ)- ဤ leaderboard များသည် ၎င်းတို့၏ စာမျက်နှာ သို့မဟုတ် အကောင့်တွင် တိုက်ရိုက်ပို့စ်တင်ခဲ့သော ဗီဒီယိုများမှ ဒေတာများကို အထူးသဖြင့် ဖော်ပြပေးမည်ဖြစ်သည်။  အခြားဆိုက်များ သို့မဟုတ် အကောင့်များမှ ဗီဒီယိုများကို ချန်လှပ်ထားသည်။

မျှဝေထားသော ဗီဒီယို Leaderboard များ (Facebook နှင့် Instagram သာ)- ဤ leaderboard များသည် အခြား စာမျက်နှာ သို့မဟုတ် အကောင့်များမှ မျှဝေခဲ့သော ဗီဒီယိုများမှ ဒေတာများကို အထူးသဖြင့် ဖော်ပြပေးမည်ဖြစ်သည်။  စာမျက်နှာ သို့မဟုတ် အကောင့်တွင် တိုက်ရိုက်တင်ထားသော ဗီဒီယိုများကို ချန်လှန်ထားသည်။

စာရင်းများအားလုံး၏ Leaderboard များ-  စာရင်းများ အားလုံးစာမျက်နှာမှ Leaderboard ကို ဖွင့်ခြင်းက ၎င်း၏ စာမျက်နှာများ သို့မဟုတ် အကောင့်များအားလုံးမှ စုပေါင်း အပြန်အလှန်တုန့်ပြန်မှု ဒေတာများဖြင့် သင်၏ စာရင်းများ တစ်ခုစီကို အဆင့်သတ်မှတ်ပေးမည်။

ပညာရှင်အကြံပြုချက်- အပြန်အလှန်တုန့်ပြန်မှု Leaderboard များကို သင်၏နယ်ပယ်ရှိ မှတ်ချက်များနှင့် မျှဝေမှုများ ပြုလုပ်ရာတွင် အလွန်အားကောင်းသည့် ပြိုင်ဘက်များကို ရှာဖွေရန် အသုံးပြုပါ။  ထိုထိပ်ဆုံးရောက် စာမျက်နှာများ၏ စာရင်း တစ်ခုကို ဖန်တီးပြီး ၎င်းတို့၏ အကြောင်းအရာ ရေးသားမှုဗျူဟာကို လေ့လာရန် ပို့စ်စီးကြောင်းကို အသုံးပြုပါ။

 

Leaderboard ဒေတာကို လွှဲပြောင်းပို့ခြင်း

Leaderboard ၏ထိပ်ဆုံးရှိ တိမ်အိုင်ကွန်ကို ကလစ်နှိပ်လိုက်လျှင် Leaderboard ဒေတာကို csv ဖိုင်အဖြစ် ပေးပို့လိမ့်မည်။

တိုက်ရိုက်ပြသမှုများ

တိုက်ရိုက်ပြသမှုများတွင် leaderboard ကော်လံများ ဖန်တီးနိုင်သည်။  ဆောင်းပါးတွင် နောက်ထပ်လေ့လာနိုင်သည်။
​ 

Leaderboard အသိပေးချက်များ

Leaderboard များကို အီးမေးလ်အသိပေးချက်အဖြစ်လည်း ပြောင်းလဲနိုင်သည်။  

၎င်းကို စာရင်းသို့မဟုတ်သိမ်းဆည်းထားသောရှာဖွေမှု ၏ အသိပေးချက်ဆက်ရှင်တွင် တွေ့နိုင်သည်။  အခြားနည်းဖြင့်ဆိုလျှင် သင့်ဒက်ရှ်ဘုတ်ထိပ်ဆုံးရှိ ကမ္ဘာလုံးဆိုင်ရာ အသိပေးချက်ဆက်ရှင်တွင် သင်ထည့်သွင်းနိုင်သည်။

ပညာရှင်အကြံပြုချက်- “အဆင့်မြှင့် ရွေးချယ်စရာများ” အောက်တွင် သင့်ထံသို့ Leaderboard ဒေတာများကို တိုက်ရိုက်အီးမေးလ် ပေးပို့ခိုင်းနိုင်သည်။


မေးခွန်းတွေရှိလား။ တုန့်ပြန်အကြံပြုချက်ရှိလား။ support@crowdtangle.com ကို အီးမေးလ်ပို့ပါ။

Did this answer your question?